ပြည်ထောင်စုတံခွန်စိုက်ဖလား မြင်းစီးအားကစားပြိုင်ပွဲအတွက် မြင်းပြေးလမ်းများ စတင်ဖောက်လုပ်

0
151

(၇၇)ကြိမ်‌မြောက် ပြည်ထောင်စု တံခွန်စိုက်ဖလား မြန်မာ့ရိုးရာနှင့် နိုင်ငံတကာ မြင်းစီးအားကစား ပြိုင်ပွဲအတွက် မြင်းပြေးလမ်းများ စတင်ဖောက်လုပ်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံမြင်းစီးအားက စားအဖွဲ့ချုပ်ထံမှ သိရသည်။

ပြိုင်ပွဲအချိန်နီးကပ်လာပြီဖြစ်သည့်အတွက် ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ မြန်မာနိုင်ငံမြင်းစီးအား ကစားအဖွဲ့ချုပ်၏ မြင်းစီးအားကစားကွင်း၌  မြင်းပြေးလမ်းများ၊ အားကစားသမားများ နေထိုင်စားသောက်ရေးများအတွက်စီစဥ်ဆောင်ရွက်ခြင်းများ ပြုလုပ်လျှက်ရှိကြောင်း သိရသည်။

မြင်းစီးအားကစား အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးပြုံးမောင်မောင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က မြင်းပြေးလမ်း ဖောက်လုပ်ခြင်းအပါအဝင် ပြိုင်ပွဲရက်အတွင်း စျေးဆိုင်များဖွင့်လှစ်ရောင်း ချနိုင်ရေးအတွက် လျာထားသောမြေနေရာများအား ယမန့်နေ ဇန်နဝါရီ(၁၄)ရက်တွင် သွားရောက်ကြည့်ရှုခဲ့ကြ‌ကြောင်း သိရသည်။

ပြည်ထောင်စု တံခွန်စိုက်ဖလား မြန်မာ့ရိုးရာနှင့် နိုင်ငံတကာမြင်းစီးအားကစား ပြိုင်ပွဲကြီးအား လာမည့်ဖော်ဖော်ဝါရီ (၄) ရက်မှ (၁၂)ရက်အထိ (၉)ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကာ တိုင်းနှင့် ပြည်နယ်အသီးသီးမှ မြင်းစီးအားကစားသမားများ လာရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here