အစ္စရေး-ဟားမတ်စ်စစ်ပွဲအတွက် အကြီးစားငြိမ်းချမ်းရေးညီလာခံကျင်းပရန် တရုတ် တောင်းဆို

0
150

ဂါဇာကမ်းမြောင်ဒေသအတွက် အကြီးစားငြိမ်းချမ်းရေးညီလာခံကြီးတစ်ခုကျင်းပ၍ ထိရောက်သော နှစ်နိုင်ငံဖြေရှင်းချက်ကို အကောင်အထည်ဖော်ရန် တရုတ်နိုင်ငံက တောင်းဆိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောကြားခဲ့သည်။

ကိုင်ရိုတွင် အီဂျစ်နိုင်ငံခြားရေးဝန်ကြီး Sameh Shoukry နှင့်အတူ အစ္စရေး-ဟားမတ်စ်စစ်ပွဲအပေါ် သူ၏အမြင်များကို မျှဝေပြီးနောက် ဝမ်ယိက သတင်းထောက်များအား ယခုကဲ့သို့ မှတ်ချက်ပေးခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့နှောင်းပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

ထို့အပြင် အရှေ့ဘက် ဂျေရုဆလင်ကို ၎င်း၏မြို့တော်အဖြစ်သတ်မှတ်ကာ ၁၉၆၇ နယ်နိမိတ်သတ်မှတ်ချက်များနှင့်ကိုက်ညီသည့် လွတ်လပ်၍ အချုပ်အခြာအာဏာပိုင်သော ပါလက်စတိုင်းနိုင်ငံအဖြစ် ထူထောင်ခွင့်ပေးရေးကို တစိုက်မတ်မတ် တိုက်တွန်းရန် လိုအပ်ကြောင်းကိုလည်း ဝမ်ယိက ပြောကြားခဲ့သည်။

တရားမျှတပြီး ကျယ်ကျယ်ပြန့်ပြန့် ရေရှည်တည်တံ့သော အဖြေကို ရှာဖွေရန် ငြိမ်းချမ်းရေးအတွက် နိုင်ငံတကာ ထိပ်သီးဆွေးနွေးပွဲကျင်းပန်ရန်ကိုလည်း ဝမ်ယိနှင့်  အီဂျစ်နိုင်ငံခြားရေးဝန်ကြီးတို့က တောင်းဆိုခဲ့သည်။

ဝန်ကြီးနှစ်ဦး၏ ပူးတွဲကြေညာချက်တွင် “အကြမ်းဖက်မှု၊ သတ်ဖြတ်မှု၊ အရပ်သားများနှင့် အရပ်ဘက်ဆိုင်ရာ အဆောက်အအုံများကို ပစ်မှတ်ထားမှုအားလုံးကို ချက်ချင်းရပ်ပစ်ရန်” တိုက်တွန်းထားသည်။

ကမ္ဘအရပ်ရပ်တွင်ဖြစ်ပွားနေကြသော တိုက်ပွဲများကို ဖြေရှင်းရန်အတွက် “နိုင်ငံတကာငြိမ်းချမ်းရေးညီလာခံ” တစ်ရပ်ပြုလုပ်ရန်ကို တရုတ်သမ္မတ ရှီကျင့်ဖိန်ကလည်း ယခင်က တောင်းဆိုခဲ့ဖူးသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here