တိုင်းအဆင့် ရွှေတံဆိပ်ရရှိရန် ရန်ကုန်တိုင်းဒေသကြီး မြင်းစီးအသင်း မျှော်မှန်းထား

0
160

မြင်းစီးအားကစားအနေဖြင့် တိုင်းအဆင့် ရွှေတံဆိပ်ရရှိရန်မျှော်မှန်းထားကြောင်း ရန်ကုန်တိုင်းဒေသကြီး မြင်းစီးအားကစားဆပ်ကော်မတီ၊ ဥက္ကဋ္ဌ ဦးဇော်လွင်ဦးက ပြောသည်။

ပြည်ထောင်စုနေ့ မြင်းစီးအားကစားပြိုင်ပွဲအတွက် မြန်မာ့ရိုးရာနှင့် နိုင်ငံတကာပြိုင်ပွဲတွင် ရန်ကုန်တိုင်းအနေဖြင့် တံခွန်စိုက်ဖလားရရန်အတွက် ယင်းအဖွဲ့အစည်းကို ဖွဲ့စည်းခြင်းဖြ စ်ကြောင်း သိရသည်။

“ရန်ကုန်တိုင်းအသင်းကို တကယ်ဖွဲ့လိုက်တာကတော့ ရန်ကုန်တိုင်းဒေသကြီး ကာယနှင့် အားကစားပညာဦးစီးဌာနရဲ့ ရုံးမှာ (၇) ရက်နေ့က ဖွဲ့လိုက်တယ်။ (၈) ရက်နေ့က ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးမှာ အတည်ပြုလိုက်တယ်။ ဒီနေ့ကတော့ ပထမဆုံး ပြန်ပြီးတော့ ဆပ်ကော်မတီ အကုန်လုံး ဒုဥက္ကဋ္ဌ (၆) ယောက်နဲ့ ဖွဲ့စည်းထားတယ်။ဒုဥက္ကဋ္ဌတွေက ငွေကြေးအားဖြင့် တက်နိုင်ပြီးတော့ မြင်းကိုလည်း ဝါသနာပါပြီး မြင်းချစ်တဲ့သူတွေပေါ့”ဟု ရန်ကုန်တိုင်းဒေသကြီး မြင်းစီးအားကစားဆပ်ကော်မတီ၊ ဥက္ကဋ္ဌ ဦးဇော်လွင်ဦးက ပြောသည်။

ယင်းအပြင် တွဲဖက်အတွင်းရေးမှူး (၆) ယောက် အတွင်းရေး မှူး (၁) ယောက်၊ ဘဏ္ဍာရေးမှူး၊ စာရင်းစစ်များပါဝင်ပြီး သက်ဆိုင်ရာမြို့နယ်အလိုက် မြို့နယ်ကိုယ်စားလှယ်များ ပါဝင်ကြောင်း သိရသည်။

အဆိုပါ အသင်းအနေဖြင့် ရေရှည်သွားနိုင်ရန် မူဝါဒများချ မှတ်ထားပြီး မြင်းစီးအားကစားကို ကောင်းစွာ ထောက်ပံ့ပေးနိုင်ရန်၊ ညီညီညွတ်ညွတ်နှင့် တစ်ယောက်ကို တစ်ယောက် ဖေးမ၍ အောက်ခြေဖြစ်သည့် ကျေးရွာများ၊ မြို့နယ်များကစပြီး မြင်းဝါသနာပါသည့် လူများ၏ လိုအပ်ချက်များကို နည်းစနစ်မှန်မှန် နည်းပညာကျွမ်းကျင်သည့် ပညာရှင်များ၊ နည်းပြများပေါင်းစပ်ပြီး စီမံခန့်ခွဲမှုအပြည့်ဖြင့် လိုအပ်သည့် ဘတ်ဂျက်များကို ထုတ်သုံး၍ မြင်းစီးအားကစား ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

“အခုဖွဲ့တဲ့ တိုင်းအသင်းက အများပိုင်အသင်းမဟုတ်ဘူး။ ရန်ကုန်တိုင်းဒေသကြီး အားကစားကော်မတီရဲ့အောက်က ဆပ်ကော်မတီ။ ဆပ်ကော်မတီက ကျွန်တော်တို့လိုပဲ တခြား လက်ဝှေ့ဆပ်ကော်မတီ၊ သေနတ်ပစ် ဆပ်ကော်မတီတို့ အများကြီး ရှိတယ်။ အဲ့အထဲမှာ ကျွန်တော်တို့က မြင်းစီးအားကစားဆပ်ကော်မတီ တစ်ခုပေါ့။ သူကတော့ ရန်ကုန်တိုင်းတစ်တိုင်းလုံးမှာရှိတဲ့ ရန်ကုန်မြင်းစီးအသင်းလို ကလပ်တွေ၊ မြို့နယ် ကျေးရွာ ကိုယ်စားပြုကလပ်တွေက အားကစားသမားတွေ အားလုံးရဲ့ တာဝန်ခံဖြစ်သွားတာပေါ့” ဟု ဦးဇော်လွင်ဦးက ရှင်းပြသည်။

အားကစားနည်းမျိုးစုံရှိသည့်အနက် မြင်းစီးအသင်းအနေဖြင့် ရွှေရရန် အရေးကြီးကြောင်းနှင့် ဒုတိယရည်မှန်းချက်သည် နိုင်ငံအနေဖြင့် ရွှေရရန်ရည်မှန်းထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here