အမေရိကန်ဦးဆောင်သော တိုက်ခိုက်မှုအပြီးတွင် ဟူသီတပ်ဖွဲ့များက ပင်လယ်နီတွင်းရှိ အမေရိကန်စစ်သင်္ဘောကို ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်

0
286

ယီမင်နိုင်ငံတွင်းရှိ ဟူသီတပ်ဖွဲ့ တည်နေရာများကို အမေရိကန်နှင့် မဟာမိတ်နိုင်ငံများက သောကြာနေ့က စတင်တိုက်ခိုက်ခဲ့ပြီးနောက် ပင်လယ်နီတွင်းရှိ အမေရိကန်စစ်သင်္ဘောတစ်စင်းကို ပထမဆုံးသော ပစ်ခတ်တိုက်ခိုက်မှုအဖြစ် ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့သည်။

ပင်လယ်နီတွင်းရှိ အမေရိကန်ဖျက်သင်္ဘောတစ်စင်းဆီသို့ သင်္ဘောဖျက်ဒုံးကျည်တစ်စင်းကို ဟူသီတို့မှ တနင်္ဂနွေနေ့က ပစ်ခတ်ခဲ့သော်လည်း အမေရိကန်တိုက်လေယာဉ်တစ်စင်းက ယင်းဒုံးကျည်ကို ကြားဖြတ်ပစ်ချနိုင်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ပင်လယ်နီ တောင်ဘက်ပိုင်းရှိ Arleigh Burke အတန်းအစား ဖျက်သင်္ဘော USS Laboon အား ဟူသီတို့က ဒုံးကျည်ဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ပြီး၊ အဆိုပါ ဒုံးကျည်သည် ဟူသီတို့ ကာလရှည်ကြာ ထိန်းချုပ်ထားသည့် ပင်လယ်နီဆိပ်ကမ်းမြို့ Hodeida အနီးမှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း အမေရိကန်က ပြောကြားခဲ့သည်။

“သင်္ဘောဖျက်ခရုဇ်ဒုံးကျည်တစ်စင်းကို ယီမင်နိုင်ငံရှိ အီရန်ကျောထောက်နောက်ခံပြု ဟူသီစစ်သွေးကြွနယ်မြေများမှ USS Laboon သို့ ပစ်လွှတ်ခဲ့သည်” ဟု ဗဟိုစစ်ဌာနချုပ်က ပြောကြားခဲ့သည်။ “ထိခိုက်ဒဏ်ရာရရှိမှု နှင့် ထိခိုက်မှုမရှိကြောင်း သိရသည်။”ဟုလည်း အမေရိကန် ဗဟိုစစ်ဌာနချုပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဟူသီများသည် အစ္စရေး-ဟားမတ်စ်စစ်ပွဲအတွင်း စူးအက်တူးမြောင်းသို့ တင်ပို့သည့် အာရှနှင့် အရှေ့အလယ်ပိုင်းသို့ စွမ်းအင်နှင့် ကုန်တင်ကုန်ချချိတ်ဆက်သည့် အရေးပါသော စီးပွားရေးလမ်းကြောင်းကို ပစ်မှတ်ထားလျှက်ရှိသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က “ကျွန်ုပ်တို့၏ ပြည်သူများကို ကာကွယ်ရန်နှင့် လိုအပ်သလို နိုင်ငံတကာ ကူးသန်းရောင်းဝယ်မှု လွတ်လပ်စွာ စီးဆင်းမှုကို ကာကွယ်ရန် နောက်ထပ် အစီအမံများကို ညွှန်ကြားရန် တုံ့ဆိုင်းနေမည် မဟုတ်”ဟု ချက်ခြင်းပင် ပြန်လည်တုန့်ပြန်ပြောဆိုခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here