လားရှိုး၌ လျှိုစောင်းတွင် သေဆုံးနေသည့် အမည်မသိ အမျိုးသား အလောင်းတွေ့ရှိ

0
186

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ရေကန်တောင် တောင်ပတ်လမ်း၊ အလိုတော်ပြည့်ဘုရားအနီးရှိ လျှိုစောင်းထဲတွင် သေဆုံးနေသည့် အမည်မသိ အမျိုးသားတစ်ဦး အလောင်းတစ်လောင်းတွေ့ရှိကြောင်း လားရှိုးလူငယ်များလူမှုကူညီရေးအဖွဲ့ထံမှ သိရသညည်။ 

ဇန်နဝါရီ (၁၄)ရက် ညနေ (၄)နာရီခွဲအချိန်က တွေရှိခဲ့ခြင်းဖြစ်ပြီး တာဝန်သိပြည်သူတစ်ဦး၏ ဆက်သွယ်အကြောင်းကြားချက်အရ သွားရောက်ကူညီခဲ့ခြင်း ဖြစ်သည်။

အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိချိန်တွင် တာဝန်ရှိသူများမှ လိုအပ်သည့် စစ်ဆေးမှုများလုပ်ဆောင်ပြီး သေဆုံးသူ အမျိုးသား အလောင်းအား သယ်ဆောင်ကာ လားရှိုးပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာန၊ ထိုမှတဆင့် ရင်ခွဲရုံသို့ (PR-013) ဖြင့် ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

ထိုသို့ သေဆုံးသူ၏ အမည်၊နေရပ် မသိရှိရသေးသဖြင့် သေဆုံးသူအား သိရှိပါက မိသားစုဝင်များထံသို့ အမြန်ဆုံးဆက် သွယ်အကြောင်းကြားပေးရန် မေတ္တာရပ်ခံထားကြောင်းလ ည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here