ဂျပန်နိုင်ငံမှ မြန်မာလုပ်သား (၆၀၀) နီးပါး ထပ်မံခေါ်ယူထား

0
226

ဂျပန်နိုင်ငံရှိ ကုမ္ပဏီတွေများတွင် အလုပ်လုပ်ကိုင်ရန်အတွက် မြန်မာလုပ်သား (၆၀၀)နီးပါးကို ထပ်မံခေါ်ယူထားကြောင်း တိုကျိုမြို့ရှိ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ယနေ့တွင် အသိပေး ထုတ်ပြန်ထားသည်။

မြန်မာသံရုံး၊ တိုကျိုမြို့မှ ဇန်နဝါရီလ (၁)ရက်မှ ဇန်နဝါရီလ (၁၅)ရက်အတွင်း စိစစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့သည့် အလုပ်ကမ်းလှမ်းစာ (၁၉၀) ခုနှင့် ပတ်သက်သည့် အချက်အလက်များအား အသိပေး ထုတ်ပြန်ထားခြင်းဖြစ်သည်။

ဂျပန်ကုမ္ပဏီများက ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှတဆင့်ကမ်းလှမ်းလာသည့် အလုပ်ကမ်းလှမ်းစား (၁၉၀) ခုအတွက် အလုပ်သမား (၅၉၂) ဦး ခေါ်ယူထားခြင်းဖြစ်သည်။

မြန်မာသံရုံး အနေဖြင့် နိုင်ငံခြားရေး ဝန်ကြီးဌာနမှတဆင့် ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ ( Demand Letter ) များကို စီစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ယင်းသို့ စီစစ်ဆောင်ရွက်ရာတွင် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေး ကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ/ ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင် တည်ထောင်ထားခြင်း ရှိ/ မရှိ စာရွက်စာတမ်း အထောက်အထားများစီစစ်ပြီး စီစစ်တွေ့ရှိချက်များ၊ သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here