မြန်မာနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူကိုထောက်ခံပြီး ထိုင်ဝမ်နှင့်တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့ ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေးကို အားပေး​ကြောင်း သဘောထား ထုတ်ပြန်

0
166

မြန်မာနိုင်ငံအနေဖြင့် ထိုင်ဝမ်ဒေသ လွတ်လပ်ရေးအတွက် ခွဲထွက်ရေးဆောင်ရွက်ချက်များနှင့် အခြားနိုင်ငံများ၏ ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်ရန် ရည်ရွယ်သော ဆောင်ရွက်ချက်များအား ဆန့်ကျင်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒ (One China Policy)ကို အစဉ်တစိုက် ထောက်ခံပြီး ယင်းမူဝါဒအရ ထိုင်ဝမ် (တရုတ်-တိုင်ပေ)သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ခွဲထွက်၍ မရသော အစိတ်အပိုင်း တစ်ခုအဖြစ် မှတ်ယူထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ထို့အပြင် မြန်မာနိုင်ငံအနေဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် ထိုင်ဝမ်တို့ ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေးကို အားပေးထောက်ခံကြောင်းလည်း ဆိုသည်။

တရုတ်နိုင်ငံနှင့် အိမ်နီးချင်းကောင်း ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းလျက် တရုတ်တစ်နိုင်ငံတည်းမူဝါဒ(One China Policy)ကို တစ်စိုက်မတ်မတ်ထောက်ခံလျက်ရှိကြောင်း ထပ်လောင်း အတည်ပြုအပ်ကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပါ ထုတ်ပြန်ချက်ကို ယနေ့ ဇန်နဝါရီ (၁၅) ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာထားခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here