ဒိန်းမတ်၏မိဖုရားဖြစ်လာသည့် ဩစတြေးလျနိုင်ငံသူ Queen Mary

0
291

ဒိန်းမတ်နိုင်ငံ၌ နန်းသက် ၅၂ ကြာအုပ်ချုပ်ခဲ့သည့်ဒုတိယမြောက် ဒိန်းမတ်ဘုရင်မကြီး မာဂရက်သာ  ထီးနန်းစွန့်လွှတ်ပြီးသည့်နောက်တွင် ၎င်း၏သားဖြစ်သူ ဖရက်ထ်ဒရစ်ခ်သည် ထီးနန်းအရိုက်အရာကိုဆက်ခံကာ ဒိန်းမတ်ဘုရင်အသစ်ဖြစ်လာခဲ့သည်။

မင်းသားဖရက်ထ်ဒရစ်ခ် ဘုရင်ဖြစ်လာပြီးနောက် ၎င်း၏ကြင်ယာတော် ဩစတြေးလျနိုင်ငံသူ မေရီသည်လည်း ဒိန်းမတ်နိုင်ငံ၏ ဘုရင်မ မေရီအဖြစ်သို့ရောက်ရှိခဲ့သည်။

ဘုရင်မကြီးမာဂရက်သာ ထီးနန်းစွန့်လွှတ်ပြီးနောက်နေ့၌ ဘုရင် ဖရက်ထ်ဒရစ်ခ်နှင့် ဘုရင်မမေရီတို့သည် ဒိန်းမတ်ပါလီမန်သို့ဝင်ကာ ဘုရင်နှင့်ဘုရင်မအဖြစ်စတင်တာဝန်ထမ်းဆောင်ခဲ့သည်။

၎င်းတို့နှစ်ဦးအား ပါလီမန်မှတာဝန်ရှိသူများအပြင် ထီးနန်းလွှဲပြောင်းသည့်တော်ဝင်အခမ်းအနားသို့သွားရောက်ရာလမ်းတစ်လျှောက်၌ လည်း ပြည်သူများသောင်းသောင်း ဖျဖျနှုတ်ဆက်ကြိုဆိုကြသည်။

ဘုရင် ဖရက်ထ်ဒရစ်ခ်နှင့် ဘုရင်မ မေရီ တို့၏ နန်းတက်ပွဲအခမ်းအနား ဓါတ်ပုံမှတ်တမ်းများအား ဖော်ပြပေးလိုက်ပါသည်။

Source : နိုင်းနူးစ်


LEAVE A REPLY

Please enter your comment!
Please enter your name here