နစက က ဟိုပန် ၊ပန်လုံဒေသအား ဝပြည်နယ်အစိုးရထံသို့ လွှဲပြောင်းပေးအပ်ဟု UWSA အသိပေးထုတ်ပြန်

0
270

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဟိုပန် ၊ပန်လုံဒေသအား ဝပြည်နယ်အစိုး ရထံသို့ လွှဲပြောင်းပေးအပ်ရန်သဘောတူညီခဲ့သည်ဟု UWSA ၏ ရုပ်သံချန်နယ်တစ်ခုဖြစ်သည့် WSTV က ဇန်နဝါရီ (၁၄) ရက်တွင် အသိပေးဖော်ပြထားသည်။

ယင်း ဒေသနှစ်ခုလွှဲပြောင်းပေးအပ်မှုကို ယခုဇန်နဝါရီလ (၄)ရက်တွင်ပြုလုပ်ခဲ့ပြီး၊ UWSA ၏ ပြင်ပဆက်ဆံရေးတာ ဝန်ခံ ဦးညီရမ်းက WSTV ၏ ဖော်ပြချက်ကို ပြန်လည်မျှဝေထားသည်။

UWSA ၏ ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းအား Popular News သတင်းဌာနအနေဖြင့် ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရသေးပေ။

အဆိုပါ အသိပေးဖော်ပြချက်တွင် “ဝ”ပြည်နယ် ပြည်သူ့အစိုးရမှ နှစ်ပေါင်းများစွာ ပြည်ထောင်စုအစိုးရထံသို့ တင်ပြတောင်းဆိုမှုများ ပြုလုပ်ခဲ့ပြီးနောက်၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဟိုပန် ၊ပန်လုံဒေသအား “ဝ”ပြည်နယ်အစိုးရထံသို့ လွှဲပြောင်းပေးအပ်ရန် သဘောတူခဲ့သည်ဟုရေး သားဖော်ပြထားသည်။

သွေးစည်းညီညွှတ်ရေးပါတီ ဗဟိုကော်မတီ၊ “ဝ”ပြည်နယ် ပြည်သူ့အစိုးရ၏ ဆုံးဖြတ်ချက်အရ ဇန်နဝါရီလ (၁၀)ရက် (၁၁)ရက်နေ့တွင် မိုင်းမောခရိုင်အတွင်း ရေးမှူး၊ ဗဟိုကော်မတီ အရံကော်မတီဝင်ဦးရှောက်ဆိုင်ပေါင်းနှင့် “ဝ”ပြည်နယ် နိုင်ငံရေးအတိုင်ပင်ခံဌာန ဥက္ကဌ ဦးကျောက်အိုက်တောင်း ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့သည် “ဝ”ပြည်နယ် ပြည်သူ့အစိုးရ ကိုယ်စား ဟိုပန်၊ ပန်လုံဒေသသို့ သွားရောက်ပြီး လွှဲပြောင်းလက်ခံခြင်းလုပ်ငန်းများကိုအောင်မြင်စွာပြုလုပ်နိုင်ခဲ့သည်ဟု ဆိုထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here