နိုင်ငံတကာ အိမ်မွေးတိရစ္ဆာန် အလှအပရေးရာ အသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲနှင့် အိမ်မွေးတိရစ္ဆာန်ပွဲတော် ကျင်းပမည်

0
294

မြန်မာနိုင်ငံတွင် ပထမအကြိမ်အဖြစ် ၂၀၂၄ ခုနှစ် နိုင်ငံတကာ အိမ်မွေးတိရစ္ဆာန် အလှအပရေးရာအသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲနှင့်အိမ်မွေး တိရစ္ဆာန်ပွဲတော် (International Grooming Certification & Pet Fair Myanmar 20 24) ကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီး၊ သုဝဏ္ဏ မြို့နယ်၊ Zawana Stadium ၌ ဖေဖေါ်ဝါရီ (၃) ရက်နှင့် (၄) ရက်တွင် နံနက် (၁၀) နာရီမှ ညနေ (၆) နာရီအထိ ကျင်းပသွားမည်ဖြစ် သည်။

ယင်း အိမ်မွေးတိရစ္ဆာန် အလှအပရေးရာ အသိအမှတ်ပြုလက်မှတ်အတွက် ပါဝင်ဖြေဆိုလိုသူများအား ဇန်နဝါရီ (၁၅) ရက်အထိ စာရင်းပေးသွင်းနိုင်ရန်ဖိတ်ခေါ်ထားကြောင်း ပွဲကျင်းပရေး ကော်မတီထံမှ သိရသည်။

ပွဲတော်အတွင်း ခွေး နှင့် ကြောင်များသာ ခေါ်ယူလာခွင့်ရှိပြီး ကိုက်တတ်သော၊ ရန်မူ တတ်သော ခွေးနှင့် ကြောင် များကို ခေါ်ယူလာခြင်းမပြုရန် မေတ္တာရပ်ခံထားသည်။

အကယ်၍ အရေးပေါ် အခြေအနေ ဖြစ်ပေါ်လာပါက emergency vet corner ထားရှိ၍  အရေးပေါ်ကုသနိုင်ရန်စီစဉ်ပေးထားကြောင်း International Grooming Certification ဝင်ရောက်ဖြေဆို သူ Groomer များအနေဖြင့် စာမေးပွဲဖြေဆိုမည့် ခေါင်းစဉ် များကို International Grooming Certification & Pet Fair Myanmar Facebook Page  တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း အသိပေးထားသည်။

အဆိုပါ ပွဲတော်ကို မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ် Super Groom International Grooming Certification ပေးအပ်မည့်ပွဲဖြစ်ပြီး Malaysia နိုင်ငံအခြေစိုက် SuperGroom အဖွဲ့အစည်းအနေဖြင့် နိုင်ငံတကာ၌  (၁၂) ကြိမ်မြောက် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here