ပိုမိုဖွံဖြိုးတိုးတက်အောင် အကောင် အထည်ဖော်ရန် လိုအပ်သည့်ခရီးသွားလုပ်ငန်း

0
168

ခရီးသွားလုပ်ငန်းမှာ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုသည့် ထောက်တိုင်တစ်ခုဖြစ်ပြီး နိုင်ငံခြားဝင်ငွေရရှိမှုကို အထောက်အပံ့ပေးနေသည့် အရင်းအမြစ်တစ်ခုဖြစ်သည့် အတွက် ပိုမိုဖွံဖြိုးတိုးတက်အောင်လုပ်ဆောင်ရန် လိုအပ်ကြောင်း မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်က ပြောသည်။

မန္တလေးတိုင်းဒေသကြီး၊ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေး (၁/၂၀၂၄) အခမ်းအနားကို ယမန် နေ့ ဇန်နဝါရီ (၁၅) ရက် မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲရုံး (၂)ထပ်ဆောင် အစည်းအဝေးခန်းမ၌ ကျင်းပစဉ် ဝန်ကြီးချုပ်ပြောဆိုခဲ့ခြင်းဖြစ်သည်။

ယင်းအစည်းအဝေးတွင် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုသည့် လုပ်ငန်းများတွင်ခရီးသွား လုပ်ငန်းသည် ထောက်တိုင်တစ်ခုဖြစ်ပြီး ဖွံဖြိုးဆဲနိုင်ငံများသာမက ဖွံဖြိုးပြီးနိုင်ငံများအတွက်ပါ အလုပ်အကိုင် အခွင့်အလမ်းနှင့် နိုင်ငံခြားဝင်ငွေရရှိမှုကို အထောက်အပံ့ပေးနေသော အရင်းအမြစ်တစ်ခုလည်းဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။

ခရီးသွားလုပ်ငန်းသည် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိဘဲ ကဏ္ဍစုံဖွံဖြိုးတိုးတက်ရေးကို ချိတ်ဆက် ဖန်တီးပေးနိုင်သည့် လုပ်ငန်းတစ်ခုဖြစ်ပြီး ဒေသခံ ပြည်သူလူထုကို တိုက်ရိုက်အကျိုး ဖြစ်ထွန်းစေသည့် သဘာဝအခြေခံခရီးသွားလုပ်ငန်း(Ecotourism)၊ လူထုအခြေပြုခရီးသွားလုပ်ငန်း (Community Based Tourism)များကိုဖော်ထုတ်ပြီး ခရီးသွားလုပ်ငန်းပိုမိုဖွံဖြိုးတိုးတက်အောင် အကောင်အထည်ဖော်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။ 

ထို့အပြင် လုပ်ငန်းကျွမ်းကျင်ရန်လိုအပ်သလို ဘာသာစကားကျွမ်းကျင်တတ်မြောက်ထားရန် အရေးကြီးရာ မန္တလေးတိုင်းဒေသကြီးတွင် ခရီးသွားများအတွက် အထူးစိတ်ဝင်စားဖွယ်ခရီးသွားထုတ်ကုန်များစွာရှိပါကြောင်း၊ လေကြောင်းတိုးချဲ့ ပျံသန်းပြေးဆွဲမှုများရှိလာပြီး  ခရီးသွားများတိုးတက်မှုရှိလာသည်နှင့်အညီ  ပိုမိုစိတ်လက်ချမ်းသာစွာ သွားလာ နေထိုင်လည်ပတ်နိုင်ရေး အလေးထားဆောင်ရွက်ကြရမည်ဟုလည်း ဆိုသည်။

ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသူများအနေဖြင့် နိုင်ငံတော်ကထုတ်ပြန်ထားသည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို တိကျလိုက်နာစွာဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၊ ပြည်တွင်းခရီးသွားလုပ်ငန်းများ ပိုမိုဖွံဖြိုးတိုးတက်လာအောင် အားလုံး ဝိုင်းဝန်းကြီးကြပ် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ဆက်လက်ပြောဆိုခဲ့သည်။

အဆိုပါ အစည်းဝေးသို့ မန္တလေးတိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီအဖွဲဝင်များ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း(မန္တလေး)၊ မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း (မန္တလေးဇုန်)၊ မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များ အသင်း (ပြင်ဦးလွင်ဇုန်)နှင့် သက်ဆိုင်ရာဌာနများမှတာ ဝန်ရှိသူများ တက်ရောက်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here