ပင်လယ်ထဲမျောနေသည့် မြန်မာနိုင်ငံသား ၁၅ ဦးကို ဘင်္ဂလားဒေ့ရှ်ရေတပ်ကယ်တင်

0
136

ဒါကာ၊ဇန်နဝါရီ ၁၅

အင်ဂျင်ပျက်ကာ ပင်လယ်ထဲမျောပါနေသည့် ဆွဲပိုက်ချသင်္ဘောတစ်စီးနှင့် အဆိုပါငါးဖမ်းလှေပေါ်ရှိ မြန်မာနိုင်ငံသား ၁၅ ဦးကို ဘင်္ဂလားဒေ့ရှ်ရေတပ်ကကယ်တင်ခဲ့ကြောင်းသိရသည်။

၎င်းတို့သည် အရေးပေါ်ဆက်သွယ်ရေးနံပါတ် ၉၉၉ သို့ဆက်သွယ်အကူအညီတောင်းမှုကြောင့် သွားရောက်ကယ်တင်ခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါငါးဖမ်းလှေ၏အမည်မှာ “Ma – Moni” ဖြစ်ပြီး ယင်းလှေသည် ဇန်နဝါရီ ၃ ရက်နေ့ကတည်းက စစ်တကောင်းမြို့မှ ပင်လယ်ထဲသို့ငါးဖမ်းထွက်သွားခြင်းဖြစ်ပြီး ၄ ရက်နေ့တွင် အင်ဂျင်ပျက်ကာ ပင်လယ်ထဲမျောနေကြခြင်းဖြစ်သည်။

၎င်းသင်္ဘောသည် ပင်လယ်ထဲ၌ ၁၀ ရက်ကျော်ကြာမျောပါနေခြင်းဖြစ်ကာ သင်္ဘောသားများက ပိုင်ရှင်အား လှမ်းအကြောင်းကြားသဖြင့် ပိုင်ရှင်က ရေတပ်ထံဆက်သွယ်၍အကူအညီတောင်းခဲ့ခြင်းဖြစ်သည်။

စိန့်မာတင်ကျွန်း၌ရှိနေသည့် ဘင်္ဂလားဒေ့ရှ်ရေတပ်က ပင်လယ်ထဲမျောပါနေသည့် အဆိုပါသင်္ဘောနှင့်သင်္ဘောသားများအားကယ်တင်ခဲ့ပြီးနောက် မြန်မာ – ဘင်္ဂလားဒေ့ရှ်ရေကြောင်းနယ်စပ်သို့ပြန်ခေါ်သွားခဲ့ပြီး ၎င်းတို့အား မြန်မာရေတပ်ထံပြန်လည်လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။

အဆိုပါသင်္ဘောပေါ်ပါရှိသည့် သင်္ဘောသား ၁၅ ဦးလုံး အသက်အန္တရာယ်ကင်းကင်းဖြင့် ဘေးမသီရန်မခ လွတ်မြောက်ခဲ့ပြီဖြစ်ကြောင်းလည်းသိရှိရသည်။

Source : ဘီဒီနူးစ်


LEAVE A REPLY

Please enter your comment!
Please enter your name here