မြစ်ကြီးနားတွင် ဖုန်းအားသွင်းထားစဉ် အပူလွန်ကဲကာ ပေါက်ကွဲမှုဖြစ်ပွားပြီး အမျိုးသားတစ်ဦး မီးလောင်ဒဏ်ရာများ ရရှိ

0
191

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ နေအိမ်တစ်အိမ်တွင် ဖုန်းအားသွင်းထားစဉ် ဖုန်းမှ အပူလွန်ကဲကာ ပေါက်ကွဲမှုဖြစ်ပြီး အမျိုသားတစ်ဦး မီးလောင်ဒဏ်ရာများ ရရှိခဲ့ကြောင်း မျိုးဆက်သစ် လူမူ့ကယ်ဆယ်ရေးအသင်း မြစ်ကြီးနားမှ သိရသည်။

မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်၊ နယ်မြေ (၂၃) ရှိ နေအိမ်တွင် ဇန်နဝါရီ (၁၅) ရက်က ဖုန်းအားသွင်းထားရာမှ အပူလွန်ကဲပြီး ပေါက်ကွဲမှု ဖြစ်ပွားကာ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိထားကြောင်း သတင်းအရ အသင်းမှ သွားရောက်ကူညီခဲ့ခြင်းဖြစ်သည်။

“ဖုန်းအားသွင်းရင်း အပူလွန်ကဲရာကနေ ပေါက်ကွဲမှုဖြစ်ပွားပြီး တစ်ကိုယ်လုံး မီးလောင်ဒဏ်ရာရလို့ မလိဇွပ်ဆေးရုံပို့ပေးခဲ့တယ်။ အဲ့က တစ်ဆင့် ဆေးရုံကြီးကို အခမဲ့ ပို့ဆောင်ပေးခဲ့ပါတယ်”ဟု အသင်းမှ ဆိုသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ဦးမင်းဦး အသက် (၄၂) နှစ်အရွယ် အမျိုးသားမှာ တစ်ကိုယ်လုံး မီးလောင်ဒဏ်ရာများ ရရှိထားသောကြောင့် မလိဇွပ်ဆေးရုံသို ပို့ဆောင်ခဲ့ပြီး ထိုမှတစ်ဆင့် မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီးသို့ အခမဲ့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here