အာဆီယံ-နယူးဒေလီကော်မတီ ဥက္ကဋ္ဌ တာဝန်ကို ဘရူနိုင်းသံအမတ်ကြီးမှ ကမ္ဘောဒီးယားသံအမတ်ကြီးထံ လွှဲပြောင်းပေးအပ်

0
180

အာဆီယံ-နယူးဒေလီကော်မတီ (ASEAN New Delhi Committee – ANDC) ဥက္ကဋ္ဌ တာဝန်ကို ဘရူနိုင်း သံအမတ်ကြီးမှ ကမ္ဘောဒီးယားသံအမတ်ကြီးထံ လွှဲပြောင်းပေးအပ်ပွဲသို့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်မှ တက်ရောက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

(၁၂၂) ကြိမ်မြောက် အာဆီယံ – နယူးဒေလီ ကော်မတီ အစည်း အဝေးကို ဇန်နဝါရီ (၁၅)ရက်၊ နံနက် (၁၁)နာရီတွင် ဘရူနိုင်းသံရုံး၌ ကျင်းပခဲ့ရာတွင် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အစည်းအဝေး၌ ANDC အလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းသံအမတ်ကြီး H.E. Mr. Dato Alaihuddin Mohd Taha က တာဝန်ယူခဲ့သည့်ကာလအတွင်း ANDC ၏ ဆောင်ရွက်ချက်များကို ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

အာဆီယံသံအမတ်ကြီးများမှ အာဆီယံ-နယူးဒေလီ ကော်မတီအနေ ဖြင့် အိန္ဒိယအစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရေး၊ အာဆီယံနိုင်ငံများနှင့် အိန္ဒိယနိုင်ငံအကြား စီးပွားဆက်သွယ်မှု လွယ်ကူချောမွေစေရေးတို့နှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အစည်းအဝေးသို့ တက်ရောက်လာကြသည့် အာဆီယံသံအမတ်ကြီးများမှ ၂၀၂၃ ခုနှစ်၊ ဒုတိယ နှစ်ဝက်ကာလအတွက် ANDC ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့သည့် ဘရူနိုင်းသံအမတ်ကြီးအား ကျေးဇူးတင် ဂုဏ်ပြုစကားပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ၂၀၂၄ ခုနှစ်၊ ပထမနှစ်ဝက်ကာလအတွက် ANDC အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူဆောင်ရွက်မည့် ကမ္ဘောဒီး ယားသံအမတ်ကြီး H.E. Mr. Koy Kuong က တာဝန်ကို လွှဲ ပြောင်းလက်ခံခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးတွင် မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်က မြန်မာ-အိန္ဒိယနှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဌာနတို့အကြား မူဝါဒရေးရာ ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပခဲ့ခြင်း၊ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား အပြန် အလှန်သွားရောက်ခဲ့သည့် ခရီးစဉ်များနှင့် နှစ်နိုင်ငံ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု အခြေအနေများအား ဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here