မြန်မာ့လက်ရွေးစင်အသင်းနှင့် သစ္စာအားမာန် အသင်းတို့ ခြေစမ်း ကစားရာလက်ရွေးစင် အသင်းက ၄ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိ

0
230

၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲများအတွက် လေ့ကျင့်မှုများပြုလုပ်နေသည့် မြန်မာ့လက်ရွေးစင် အသင်းသည် မြန်မာနေရှင်နယ်လိဂ်ကလပ် သစ္စာအားမာန် အသင်းနှင့် ခြေစမ်းကစားရာ လက်ရွေးစင် အသင်းက ၄ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ယနေ့ညနေပိုင်းက သုဝဏ္ဏစက်ဘီးလေ့ကျင့်ရေးကွင်း၌ ခြေစမ်း ကစားခဲ့ခြင်းဖြစ်ပြီး လက်ရွေးစင်အသင်းအတွက် သွင်းဂိုးများကို မောင်မောင်လွင်(နှစ်ဂိုး)၊ ငြိမ်းချမ်းနှင့် သက်ဟိန်းစိုးတို့က တစ်ဂိုးစီ သွင်းယူပေးခဲ့ကာ သစ္စာအားမာန်အသင်း အတွက် ဂိုးများကို ပြည့်စုံအောင် တစ်ဦးတည်းက နှစ်ဂိုး သွင်းယူပေးခဲ့ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် လာမည့်မတ်လအတွင်း ယှဉ်ပြိုင်ရမည့် ဆီရီးယား အသင်းနှင့် ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အိမ်ကွင်း၊ အဝေးကွင်း ယှဉ်ပြိုင်ရမည်ဖြစ်သည့်အတွက် ကြိုတင်ပြင်ဆင်မှုများကို ရန်ကုန်မြို့တွင် ပြင်ဆင်လေ့ကျင့်နေခြင်းလည်းဖြစ်သည်။

အလားတူ မြန်မာနေရှင်နယ်လိဂ်သို့ တန်းတက်လာသည့် သစ္စာအားမာန်အသင်းသည် လာမည့် ၂၀၂၄-၂၀၂၅ မြန်မာနေရှင် နယ်လိဂ် ဘောလုံးရာသီအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ခြေစမ်းပွဲများ ကစားနေခြင်း ဖြစ်ကြောင်း သိရသည်။

Photo -MFF


LEAVE A REPLY

Please enter your comment!
Please enter your name here