ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်အတွင်း မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဓါတ်တိုင်များ ပြိုလဲခြင်း၊ လူနေအိမ်ပြိုလဲခြင်းနှင့် အမိုးလန်မှုများဖြစ်ပွား

0
166

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်အတွင်း မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဓါတ်တိုင်များ ပြိုလဲခြင်း၊ လူနေအိမ်ပြိုလဲခြင်းနှင့် အမိုးလန်မှုများဖြစ်ပွားခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်အတွင်း ဇန်နဝါရီ (၁၆)ရက် နေ့လည် (၃)နာရီခွဲအချိန်ခန့်က မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် ပွတ်စုကျေးရွာအုပ်စု၊ ကုန်းသာကျေးရွာအုပ်စု၊ မယ်ဇလီတန်းကျေးရွာအုပ်စုများတွင် ဓါတ်တိုင်များပြိုလဲခဲ့ရကြောင်း သိရသည်။

ထို့အပြင် နတ်တလင်းမြို့နယ်အတွင်းရှိ တာပွန်မြို့၊ အလယ်ပိုင်းရပ်ကွက်၊ ဘုဒလက်ကုန်း၊ ရှားဖြူကုန်း၊ ရေကြည်၊ ကျွန်းကတုတ်၊ ကုန်းသာ၊ မယ်ဇလီတန်း၊ ပွတ်စု၊ ဒေါကျော်ရွာ၊ ကျေးလက်ကျေးရွာများတွင် လူနေအိမ်ပြိုလဲခြင်းနှင့် အမိုးလန်မှုများ ဖြစ်ပွားခဲ့ရကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ နတ်တလင်းမြို့နယ်မီးသတ်စခန်းနှင့် တာပွန်နယ်မြေမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း

အဆိုပါ ဖြစ်စဉ်ကြောင့် လေဘေးသင့်ပြည်သူများအား နီးစပ်ရာဆွေမျိုးများ နေအိမ်များသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here