၂၀၂၄ ဘောလုံးရာသီအတွက် ရှမ်းယူနိုက်တက်အသင်းမှ ကျော်ဇင်လွင်ကို ဒဂုံစတားယူနိုက်တက် ခေါ်ယူ

0
147

၂၀၂၄ ဘောလုံးရာသီအတွက် ရှမ်းယူနိုက်တက်အသင်းမှ ကျော်ဇင်လွင်ကို ဒဂုံစတားယူနိုက်တက် က ခေါ်ယူရန်သဘောတူညီမှုရရှိထားပြီဖြစ်ကြောင်းသိရသည်။

မြန်မာနေရှင်နယ်လိဂ်၏ အဆင့်(၅)နေရာတွင် ရပ်တည်နေသော ဒဂုံစတားယူနိုက်တက်အသင်းအ‌နေဖြင့် အသင်းမှထွက်ခွာခဲ့သော ကစားသမားနေရာတွင် အစား ထိုးခေါ်ယူနေခြင်းဖြစ်သည်။

ပြီးခဲ့သောရက်ပိုင်းက အသင်း၏ ကွင်းလယ်ခံစစ် ကစားသမား ဝေလင်းအောင်အား ရန်ကုန်ယူနိုက်တက်က တစ်ရာသီ စာချုပ်ဖြင့် ခေါ်ယူလိုက်ခြင်းအတွက် မြန်မာနေရှင်နယ်လိဂ်၌ ခြေစွမ်းပြနေသည့် အခြားကလပ်အသင်းများမှ လူငယ်ကစားသမားအား အစားထိုးရန် စီစဉ်နေခြင်းဖြစ်သည်။

ထို့အပြင် ဒဂုံစတားယူနိုက်တက်အသင်း နည်းပြချုပ် ဦးမင်းထွန်းလင်းသည် လာမည့် ၂၀၂၄ ဘောလုံးရာသီအကုန်ထိ အသင်းတွင် ဆက်လက်ရှိမည်ဖြစ် ကြောင်းလည်း သိရသည်။

“ဒဂုံအသင်းမှာပဲ ၂၀၂၄ နှစ်ကုန်အထိ ဆက်ရှိပါမယ်။ အသင်းမှာ ရှိတဲ့ ကစားသမား ၁၅ ယောက်လောက်ကို အသင်းက ထွက်ခွာခွင့်ပေးထားပြီး အဲဒီထွက်ခွာသွားတဲ့ ကစားသမားတွေနေရာမှာ ကစားသမားသစ်တွေ ထပ်မံဖြည့်တင်းထားဖို့ စီစဉ်ထားပြီးပါပြီ”ဟု နည်းပြ ဦးမင်းထွန်းလင်းက ပြောသည်။

အသင်းနည်းပြချုပ် ဦးထွန်းမင်းလတ်သည် အသင်းအား အဆင့်(၅)မှတန်းမဆင်းအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် နည်းပြတစ်ဦးလည်း ဖြစ်သည်။

ဒဂုံစတားယူနိုက်တက်အသင်းသည် ရာသီသစ်အတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် လာမည့် ဖေဖော်ဝါရီ (၁) ရက်တွင် အသင်းအား လေ့ကျင့်ရေး စတင်မည်ဖြစ်သည်။

၂၀၂၄ ဘောလုံးရာသီအတွက် ကလပ်အသင်းအသီးသီးမှ ကစားသမားများ ယခုရက်ပိုင်းအတွင်း အသင်းပြောင်းလဲ ကစားခြင်းများ ရှိ‌နေသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here