ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲတွင် ဆုများစွာရရှိခဲ့သော ကချင်ပြည်နယ်အသင်းကို ကျပ်သိန်း(၂၆၀)နီးပါးဖြင့်ဂုဏ်ပြု

0
128

အောင်ပွဲရ ကချင်ပြည်နယ် ဂုဏ်ဆောင် ဂျူဒိုအသင်းအား ဂုဏ်ပြုကြိုဆိုပွဲကို ဇန်နဝါရီလ (၁၅)ရက်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်၊ ပြည်နယ်ဂျူဒိုအသင်းသည် ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲတွင် ရွေတံဆိပ်(၁၂)ခု၊ ငွေတံဆိ ပ်(၁)ခု၊ ကြေးတံဆိပ် (၃)ခု အမျိုးသမီးတံခွန်စိုက်ဆု၊ အမျိုးသား တံခွန်စိုက်ဆုနှင့် စုပေါင်းတံခွန်စိုက် ဆုများအပြင် အကောင်းဆုံးအားကစားသမား (အမျိုးသား/အမျိုးသမီး) ဆုများကို(၂)နှစ်ဆက်တိုက် စံချိန်တင်ရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့်ပြည်နယ်ဂုဏ်ဆောင် ဂျူဒိုမောင်မယ် ရွေလက်ပိုင်ရှင်များအား ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားကို ပြီးခဲ့သည့် ဇန်နဝါရီလ (၁၅) ရက်က မြစ်ကြီးနားလေဆိပ်တွင် လူမှုရေးဝန်ကြီးနှင့် အစိုးရအဖွဲ့ အတွင်းရေးမှူးတို့ ဦးဆောင်၍ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ တိုင်းရင်းသား၊ တိုင်းရင်းသူများ၊ အားကစားနည်းအလိုက်ဆပ်ကော်မတီဥက္ကဌနှင့် အတွင်းရေးမှူးများ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများက အေရိုးဗစ် ပန်းပွါးအကနှင့် လီဆူရိုး ရာအကများ၊ တိုင်းရင်းသားဘင်ခရာ အဖွဲ့များက ပန်းစည်းများ၊ ပန်းကုံးများဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သိရသည်။

ထို့နောက် အောင်ပွဲရ အားကစားသမားများသည် အမိုးဖွင့်ကားများဖြင့် မြို့တွင်းသို့ အောင်ပွဲခံလှည့်လည်ခဲ့ရာ ရပ်ကွက်အလိုက် လမ်းဘေးဝဲယာရှိ ပြည်သူများ၊ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ကျောင်းသားကျောင်းသူများက အလံငယ်များဝှေ့ယမ်းပြီး အတီးအမှုတ်များ၊ အိုးစည်ဒိုးပတ်များဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သိရသည်။

ထို့နောက်  မိုးလုံလေလုံအားကစားခန်းမ၌ ဂုဏ်ပြုပွဲအခမ်း အနားအား ဆက်လက်ကျင်းပြုလုပ်ခဲ့ရာ ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း(၂၆၀)နီးပါးနှင့် ဂုဏ်ပြုပန်းကုံးများ၊ အရုပ်များ၊ တံခွန်စိုက်ဆုများရှင် စလွယ်များ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here