အမျိုးသမီးများ ဖွံဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း ရေးဆွဲနိုင်ရေး လုပ်​ဆောင်​နေ

0
117

အမျိုးသမီးများ ဖွံဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း NSPAW Phase II (၂၀၂၃ -၂၀၃ ၂) ရေးဆွဲနိုင်ရေး ဦးဆောင်ကော်မတီ(၁)ခုနှင့် လုပ်ငန်းကော်မတီ(၁၂)ခုကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ခွင့်ပြုချက်နှင့်အညီ ဖွဲ့စည်းထားကြောင်း လူကယ်ပြန်ဝန်ကြီး ဒေါက်တာစိုးဝင်း၏ ပြောဆိုချက်အရ သိရသည်။

အမျိုးသမီးများ ဖွံဖြိုး တိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂) NSPAW Phase II ပါ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရာ၌ အထောက်အကူပြုနိုင်ရေးအတွက် Gender Focal Person များနှင့် ညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ (၁၆)ရက် နံနက် (၁၀) နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။

ယင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အာဆီယံ အသိုက်အဝန်းမဏ္ဍိုင်(၃)ခုအောက်ရှိ ကဏ္ဍပေါင်းစုံမှ အဖွဲ့အစည်းများက အကောင်အထည်ဖော်ဆောင်ရွက်သည့် အာဆီယံဒေသတွင်း ကဏ္ဍပေါင်းစုံတွင် ကျား/မရေးရာ ထည့်သွင်းစဉ်းစားမှု မဟာဗျူဟာမူဘောင်အား သိရှိနားလည်ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။ 

ထို့အပြင် ယခုအစည်းအဝေးသို့ တက်ရောက်လာကြသည့် Gender Focal Person များအနေနှင့် မိမိတို့သက်ဆိုင်ရာဌာနများတွင် ကျား၊ မတန်း တူညီမျှရေး၊ အမျိုးသမီးစွမ်းပကား မြှင့်တင်ရေးဆောင်ရွက်မှုများနှင့် NSPAW Phase II ၏ လုပ်ငန်းစဉ် အကောင်အထည်ဖော်မှုများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန်အတွက် ကျား၊ မရေးရာ တာဝန်ခံများ၏ (ToR)များကို သတ်မှတ်နိုင်ရေး ဆွေးနွေးပေးစေလိုကြောင်း ဝန်ကြီးက မှာကြားခဲ့သည်။

ယင်းနောက် လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးများဖွံဖြိုးတိုးတက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူးက အာဆီယံဒေသတွင်း ကဏ္ဍပေါင်းစုံတွင် ကျား၊ မရေးရာ ထည့်သွင်းစဉ်းစားမှု မဟာဗျူဟာမူဘောင်နှင့် NSPAW ရေးသားရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ သက်ဆိုင်ရာဦးစီးဌာန (၄၆)ခုမှ Gender Focal Person (၄၆)ဦး တက်ရောက်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here