မင်္ဂလာဒုံတွင် ဝန်ထမ်း ကြို/ပို့ကားနှင့် တွဲကားတို့ တိုက်မိရာ စက်ရုံဝန်ထမ်း (၃၂) ဦး ထိခိုက်ဒဏ်ရာရရှိပြီး အမျိုးသမီး (၁) ဦး စိုးရိမ်ရ

0
129

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းဆုံနှင့် တညင်းကုန်းလမ်းဆုံအကြားတွင် စက်ရုံ ဝန်ထမ်း ကြို/ပို့ ဖယ်ရီကားနှင့် တွဲကားတစ်စီးတို့ တိုက်မိခဲ့ပြီး စက်ရုံဝန်ထမ်း (၃၂) ဦး ထိခိုက်ဒဏ်ရာရရှိကာ အမျိုးသမီး (၁)ဦး စိုးရိမ်ရကြောင်း ကြယ်စင်မေတ္တာပရဟိတအသင်းမှ သိရသည်။

ယနေ့ ဇန်နဝါရီ (၁၇)ရက် နံနက် (၆)နာရီခွဲအချိန်က  ခရေပင်လမ်းဆုံနှင့် တညင်းကုန်းလမ်းဆုံအကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ ကြယ်စင်မေတ္တာပရဟိတ အသင်းမှ သွားရောက်ကူညီခဲ့ခြင်း ဖြစ်သည်။

“ခရေပင်လမ်းခွဲနဲ့ (၁၀၆) မှတ်တိုင်ကြားမှာဖြစ်တာပါ။ လူနာ ကျား (၁၁) ဦး၊ မ (၂၁) ဦး စုစုပေါင်း (၃၂) ဦး ဒဏ်ရာရပြီး မ (၁) ဦး အနီရောင်ဆင့်နဲ့ ကျန်လူနာတွေ မစိုးရိမ်ရဒဏ်ရာရရှိပြီး အသက်ဆုံးရှုံးသူ မရှိပါဘူး။”ဟု ကြယ်စင်မေတ္တာလူ မှုကူညီရေးအသင်း (တညင်းကုန်း)မှ တာဝန်ရှိသူက ပြောသ ည်။

ဖြစ်စဉ်နေရာအရောက် စက်ရုံဝန်ထမ်း ကြို/ပို့ ဖယ်ရီကားနှင့် တွဲကားတစ်စီးတို့ တိုက်မိခြင်းဖြစ်ကြောင်း သိရပြီး ဖယ်ရီယာဉ်ပေါ်ပါ အမျိုးသား (၁၁) ဦး၊ အမျိုးသမီး (၂၁) ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့ရာတွင် အမျိုးသမီး (၁) ဦးမှာ စိုးရိမ်ရ အနီရောင်အဆင့် ဒဏ်ရာရရှိထားပြီး အင်းစိန်မြို့နယ် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here