မလေးရှိနေ့က‌လေးထိန်းကျောင်း၌ တရားမဝင်အလုပ်လုပ်နေသည့် လုပ်သားများဖမ်းရာမြန်မာများလည်းပါဝင်

0
199

ဂျိုဟိုး၊ဇန်နဝါရီ ၁၆

မလေးရှားနိုင်ငံ၊ဂျိုဟိုးပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာနသည် ဇန်နဝါရီ ၁၅ ရက်က နေ့ကလေး ထိန်းကျောင်းတစ်ခုအားဝင်စီးနင်းခဲ့ရာ တရားဝင်ပါမစ်မရှိဘဲ အလုပ်လုပ်ကိုင်နေပြီး ရက်လွန်နေထိုင်သည်ဟု သံသယရှိသူ နိုင်ငံခြားသား ၉ ဦးကိုဖမ်းဆီးခဲ့ရာ မြန်မာနိုင်ငံသားများလည်းပါဝင်သည်ဟုသိရသည်။

ပြည်နယ်လူဝင်မှုကြီးကြပ်ရေး ညွှန်ကြားရေးမှူး Baharuddin Tahir ကမူ အဆိုပါ ကျောင်းခြံဝင်းအတွင်း နိုင်ငံခြားသားများရှိနေသည်ဟု ဒေသခံများ၏ တိုင်ကြားမှုများကြောင့် ဇန်လ ၁၅ ရက်နေ့မနက် ၁၀ နာရီ ၄၀ မိနစ်တွင် ဝင်ရောက်စီးနင်းခဲ့သည်ဟုလည်းသိရသည်။

ဖမ်းဆီးစစ်ဆေးခဲ့သည့်နိုင်ငံခြားသား ၂၆ ဦးအနက် ၉ ဦးကို ဖမ်းဆီးထိန်းသိမ်းထားရာ ဖမ်းဆီးခံရသူများတွင် အင်ဒိုနီးရှားမှ အမျိုးသားခြောက်ဦးနှင့်အမျိုးသမီးတစ်ဦး၊ မြန်မာနိုင်ငံမှ အမျိုးသား ၂ ဦးတို့ဖြစ်ကြပြီး ၎င်းတို့သည် အသက် ၂၈ မှ ၄၈ နှစ်ကြားရှိသူများဖြစ်သည်ဟုလည်းသိရသည်။

အခြားသတင်းထုတ်ပြန်ချက်တစ်ခု၌ Muar မြို့မှ အဆောက်အအုံ ကိုးခုနှင့် Endau မြို့မှ အဆောက်အအုံနှစ်ခုတို့ကိုလည်း ဇန်နဝါရီ ၁၄ ရက်နဲ့ ဇန်နဝါရီ ၁၅ ရက်တို့က စီးနင်းမှုများအတွင်း ဘင်္ဂလားဒေ့ရှ်မှလေးဦး၊မြန်မာမှနှစ်ဦး၊နီပေါနှင့်ဗီယက်နမ်နိုင်ငံတို့မှ တစ်ဦးစီနှင့်အသက် ၂၂ နှစ်မှ ၃၈ နှစ်ကြား အမျိုးသားရှစ်ဦးကို ထပ်မံဖမ်းဆီးခဲ့သည်ဟုလည်းသိရသည်။

Source : နူးစ်စထရိတ်ထ်တိုင်းမ်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here