ထိုင်းနိုင်ငံရှိ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှုကြောင့် ၁၈ ဦးထက်မနည်းသေဆုံး

0
151

ဘန်ကောက်၊ဇန်နဝါရီ ၁၇

ထိုင်းနိုင်ငံအလယ်ပိုင်းရှိ မီးရှူးမီးပန်းစက်ရုံပေါက်ကွံမှုကြောင့် ၁၈ ဦးထက်မနည်းသေဆုံးခဲ့သည်ဟု ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးကပြောကြားခဲ့သည်။

အဆိုပါပေါက်ကွဲမှုသည် ဘန်ကောက်မြို့မြောက်ဘက် ၁၂၀ ကီလိုမီတာ (၇၄ ဒသမ ၅၆ မိုင်) အကွာရှိ Suphan Buri ခရိုင်၌ မွန်းလွဲပိုင်းကဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

လက်ရှိအချိန်အထိ အသက်ရှင်နေသေးသူ မတွေ့ရသေးဟုလည်း ဒေသဆိုင်ရာအာဏာပိုင်များကပြောကြားခဲ့သည်။

“‌ရှာတွေ့သမျှသူတိုင်းက သေဆုံးသူတွေချည်းပါပဲ၊ဘယ်နှဦးလောက် သေဆုံးမှုရှိသလဲဆိုတာတော့ ကျွန်တော်တို့စစ်ဆေးနေဆဲပါပဲ” ဟုလည်းတာဝန်ရှိသူများကဆိုသည်။

စက်ရုံဝန်ထမ်းများ အဓိကထိခိုက်သေဆုံးခဲ့သော်လည်း ဘေးပတ်ဝန်းကျင်သို့ ထိခိုက်ပျက်စီးမှုနှင့်သေဆုံးမှုများမရှိကြောင်းလည်းသိရသည်။ယခုအချိန်အထိပေါက်ကွဲမှုဖြစ်ပွားရသည့်အကြောင်းအရင်းကိုမသိရသေးကြောင်းလည်းပြောကြားခဲ့သည်။

Source : South China Morning Post


LEAVE A REPLY

Please enter your comment!
Please enter your name here