ယုဇနဥယျာဉ်မြို့တော်တွင် ကလေး (၂) ဦး တိုက်ခန်း (၅) လွှာမှ ​ဆော့ရင်းပြုတ်ကျကာ (၁)ဦးမှာ ပွဲချင်းပြီး သေဆုံး

0
193

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော် အိမ်ရာတွင် ကလေး (၂) ဦး တိုက်ခန်း (၅) လွှာမှ ပြုတ်ကျကာ (၁)ဦးမှာ ပွဲချင်းပြီး သေဆုံးခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

“မိဘတွေ သတိထားဆင်ခြင်ကြပါဗျာ၊ သိရတဲ့ သတင်းကတော့ စိတ်မကောင်းဖြစ်စရာပါပဲ။ ၅ လွှာ အိပ်ခန်း နောက်ဖေးပြတင်းပေါက်ကနေ (၁) နှစ်ကျော် အရွယ်နဲ့ (၅) နှစ်အရွယ် ကလေး (၂) ယောက် ကုတင်ပေါ်မှာ ဆော့ရင်း ပြုတ်ကျတာ (၁) နှစ်ကျော်ကလေး (၁) ဦး သေဆုံးသွားပါတယ်။ (၅) နှစ်အရွယ်ကလေးကလဲ အရေးပေါ် အခြေအနေဖြစ်နေပါတယ်ခင်ဗျာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဒဂုံဆိပ်ကမ်းမြို့နယ် ယုဇနဥယျာဉ်မြို့တော်တွင် ဇန်နဝါရီ (၁၆)ရက် ည (၇)နာရီဝန်းကျင်က A 10 လမ်း၊ တိုက်(၁၇)၊ (၅) လွှာမှ (၁)နှစ်အရွယ်နှင့် (၅)နှစ်အရွယ် ကလေး (၂)ဦး ကုတင်ပေါ်မှာ ဆော့ရင်း ပြုတ်ကျကာ (၁) နှစ်ကျော်ကလေး (၁)ဦး အသက်ဆုံးရှုံးခဲ့ရပြီး (၅)နှစ်အရွယ်ကလေးမှာ  အရေးပေါ်အခြေအနေဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။

“ကိုယ့်အိမ်မှာ ကလေးအရွယ်လေးတွေရှိရင် ဖြစ်ရပ်တွေကို သင်ခန်းစာယူကာ သတိထား ဂရုစိုက်ကြပါဗျာ၊ ကုတင်အမြင့်နဲ့ ထားရင်လဲ ပြတင်းပေါက်တွေကို သံပန်းလေးဖြစ်ဖြစ် တပ်ဆင်ထားတာ အန္တရယ်ကင်းပါတယ်။”ဟု မြို့နေဒေသခံတစ်ဦးက ဆိုသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ကလေးငယ်များရှိသည့် တိုက်ခန်းများတွင် သတိထားဂရုစိုက်ကြရန်နှင့် ပြတင်းပေါက်များကိုလည်း သံဗန်း အကာအရံများ တပ်ဆင်ထားရန် ဒေသခံများက သတိပေးပြောဆိုထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here