တောင်ကိုရီးယားနှင့်ရင်ကြားမစေ့တော့–ကင်မ်ဂျုံအန်း

0
174

ပြုံယမ်း၊ဇန်နဝါရီ ၁၇

မြောက်ကိုရီးယားခေါင်းဆောင်ကင်မ်ဂျုံအန်းသည် ၎င်းနိုင်ငံအနေဖြင့် တောင်ကိုရီးယားနှင့်ပြန်လည်ရင်ကြားစေ့ပေါင်းစည်းရန် ဆက်လက်ပြုလုပ်တော့မည်မဟုတ်ကြောင်းပြောကြားခဲ့ပြီး မြောက်ကိုရီးယား၏ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြန်လည်ပြင်ဆင်ရန်လည်း ပြောကြားခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာ KCNA ကပြောကြားခဲ့သည်။

ငြိမ်းချမ်းစွာပေါင်းစည်းရေးအတွက် ဆယ်စုနှစ်များစွာကြာသည်အထိ ကြိုးစားနေခဲ့သည့်ကြိုးပမ်းမှုများသည် ကင်မ်၏ နျူလက်နက်များဖွံ့ဖြိုးတိုးတက်မှုနှင့် တောင်ကိုရီးယား၏ အမေရိကနှင့်ယှဉ်တွဲ စစ်ရေးလေ့ကျင့်မှုများကြောင့် ပျက်ပြားသွားခဲ့သည်။

မြောက်ကိုရီးယားသည် ၎င်းအားပိတ်ဆို့ဒဏ်ခတ်ခံထားရမှုများမှရုန်းထွက်နိုင်ရန် ပေကျင်းနှင့်မော်စကိုတို့ဖြင့် ဆက်ဆံရေးမြှင့်တင်လျက်
အမေရိက၏ပိတ်ဆို့မှုများအား စုပေါင်းရင်ဆိုင်ခဲ့ခြင်းလည်းဖြစ်သည်။

ယင်းနောက် တနင်္လာနေ့ကကျင်းပခဲ့သည့် ပါလီမန် အစည်းအဝေးအတွင်း တောင်ကိုရီးယားနှင့်ဆက်ဆံရေးကိုစီမံခန့်ခွဲရန် တာဝန်ပေးထားသော အဓိကကျသည့် အစိုးရအေဂျင်စီများကိုပါဖျက်သိမ်းလိုက်ကြောင်း မြောက်ကိုရီးယား၏ နိုင်ငံပိုင်သသတင်းအေဂျင်စီကပြောကြားခဲ့သည်။

တောင်ကိုရီးယားသည် အမေရိကနှင့်တွဲ၍ပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှုများ၊အမေရိက၏တပ်ဖြန့်ထားမှုများကြောင့် ကိုရီးယားကျွန်းဆွယ်အား အန္တရာယ်ရှိသည့်စစ်ဇုန်အဖြစ်ပြုလုပ်နေသည်ဟုလည်းမြောက်ကိုရီးယားကဆိုသည်။

ယင်းနောက် ၎င်းက တောင်ကိုရီးယားအား မြောက်ကိုရီးယား၏ အဓိကကျသောရန်သူအဖြစ်သတ်မှတ်ကာ ကိုရီးယားကျွန်းဆွယ်၌ နောက်ထပ်စစ်မက်ဖြစ်လာခဲ့သည်ရှိသော် တောင်ကိုရီးယားအား မြောက်ကိုရီးယား၏ ပိုင်နက်အစိတ်အပိုင်းအဖြစ်သတ်မှတ်သိမ်းပိုက်ရန်ပါဝင်သည့် မြောက်ကိုရီးယား၏ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကိုပါရေးဆွဲရန်လည်းတိုက်တွန်းခဲ့သေးကြောင်းသိရှိရသည်။

Source : အေပီ


LEAVE A REPLY

Please enter your comment!
Please enter your name here