ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် အအေးဆက်လက်ပိုနေနိုင်ပြီး ကျန်တိုင်းနှင့် ပြည်နယ်အချို့တို့တွင် မိုးထစ်ချုန်းရွာနိုင်

0
132

ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် နောက်(၂) ရက်အတွင်းညအပူချိန်များ အနည်း ငယ်လျော့နည်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနက ယနေ့ ဇန်နဝါရီ (၁၇) ရက် နံနက်ပိုင်းတွင် ထုတ်ပြန်အသိပေးထားသည်။

ယနေ့ ညနေအထိ ရှမ်းပြည်နယ်တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ပြီး  ရွာရန်ရာနှုန်း(၈၀) ဖြစ်ကြောင်းနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်ဖြစ်ကြောင်းလည်း မိုး/ဇ လက ထုတ်ပြန်ထားသည်။

ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ဘဂင်္လား ပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေမည်ဖြစ်ပြီး မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်ဖြစ်ကာ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၃)ပေမှ (၆)ပေခန့် ရှိနိုင်ကြောင်း သိရသည်။

ထို့အပြင် နေပြည်တော်နှင့်အနီးတစ်ဝိုက် ယနေ့ညနေအထိ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကြောင်းနှင့် ရွာရန်ရာ နှုန်း(၆၀) ဖြစ်ပြီး ရန်ကုန်မြို့နှင့် မန္တလေးမြို့ အနီးတစ်ဝိုက် ယနေ့ညနေအထိ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here