၂၀၂၃ ခုနှစ်အတွင်း လျှပ်စစ်ဓာတ်အားခ ကျပ်ဘီလီယံ ၁၄၀၀ ကျော် အစိုးရ စိုက်ထုတ်သုံးစွဲပေးခဲ့

0
137

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း အစိုးရအနေဖြင့် လျှပ်စစ်ဓာတ်အားခ ကျပ်ဘီလီယံ ၁၄၀၀ ကျော်စိုက်ထုတ် သုံးစွဲပေးခဲ့ကြောင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးရဲတိုးသွင်က ပြောသည်။

” တချို့ IPP တွေ အားလုံးစုပေါင်းပြီး မတူတဲ့ ဈေးနှုန်းတွေနဲ့လည်း ဝယ်ယူလျက်ရှိပါတယ်။ လိုအပ်တဲ့ ဓာတ်အားတွေကို ဝယ်ယူသုံးစွဲလျက်ရှိပါတယ်။ ၂၀၂၃ ခုနှစ်မှာတော့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုစရိတ် တစ်ယူနစ်ကို ၁၄၈ ကျပ်လောက် ပျမ်းမျှအားဖြင့် ရှိခဲ့ပါတယ်”ဟု ၎င်းကဆိုသည်။

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနအနေဖြင့် ကျောက်မီးသွေး၊ ရေအား၊ နေရောင်ခြည်စွမ်းအင်၊ ဒီဇယ်ဂျန်နရေတာ အစရှိသည်တွေကို အခြေခံ၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

လျှပ်စစ်ဓာတ်အား ရောင်းချသည့် တန်ဖိုးအနေဖြင့် တစ်ယူနစ်လျှင် ၁၂၂ ကျပ်သာ ရရှိခဲ့ပြီး အရှုံးခံ ရောင်းချပေးခဲ့ကြောင်း သိရသည်။

“ဓာတ်အားတစ်ယူနစ်ကို ၆၂ ကျပ်နဲ့ ၄၂ ပြား အရှုံးပေါ်ခဲ့ပါတယ်။ နိုင်ငံတော်ကနေ ဘီလီယံစုစုပေါင်း ၁၄၀၀ ကျော် စိုက်ထုတ်ကျခံပြီးတော့မှ သုံးစွဲခဲ့ရပါတယ်။ မီးသုံးစွဲသူ ပြည်သူတွေအနေနဲ့ လျှပ်စစ်ဓာတ်အားကို ချွေတာနိုင်ဖို့။ နိုင်ငံရဲ့ လျှပ်စစ်ဓာတ်အားခကလည်း သူများနိုင်ငံထက် သက်သာပါတယ်။ ဒါ့ကြောင့် လျှပ်စစ်ဓာတ်အားကို ဖောဖောသီသီ သုံးစွဲနေတဲ့ အကျင့်လည်း ရှိပါတယ်။ မီတာခ သက်သာဖို့အတွက်ကို LED မီးချောင်းတွေ Lamp တွေ သုံးစေချင်ပါတယ်။ မလိုလားအပ်ပဲ မီးထွန်းတာတွေ ရှိပါတယ်” ဟု ၎င်းကဆို သည်။

အဆိုပါ အပြုအမူများကို ပြုပြင်စေလိုပြီး မလိုအပ်ဘဲ မီးသုံးစွဲခြင်းများ မပြုလုပ်ကြရန်လည်း ၎င်းက အကြံပြုပြောကြားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here