မုံရွာမြို့နယ်တွင် ဆောင်းသီးနှံဧက တစ်သိန်းကျော်စိုက်ပျိုးအောင်မြင်လျက်ရှိ

0
134

ယခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင်  စစ်ကိုင်းတိုင်းဒေသကြီး ၊ မုံရွာမြို့နယ်အတွင်း၌ ဆောင်းသီးနှံဧက တစ်သိန်းကျော် စိုက်ပျိုးအောင်မြင်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနမှ သိရသည်။

မုံရွာမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစုံဖြစ်သည့် ပဲမျိုးစုံဧက ၃၈၀၀၀ ကျော်၊ ဆီထွက်သီးနှံ ၂၇၀၀၀ ကျော်၊ စားဖို ဆောင်သီးနှံဧက ၈၀၀၀ ကျော်၊နံစားသီးနှံဧက ၈၀၀၀ ကျော် နှင့် အခြား သီးနှံဧက ၁၇၀၀၀ကျော် အပါအဝင် စုစုပေါင်း ဧက ၁ သိန်းကျော် စိုက်ပျိုးအောင်မြင်နေကြောင်း သိရသည်။

မုံရွာမြို့နယ်အတွင်း ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆောင်းသီးနှံစုံ ၁၀၂၇၂၆ ဧကစိုက်ပျိုးရန် လျာထားခဲ့ပြီး လက်ရှိတွင် ၁၀၀၄၀၈ ဧကအထိ စိုက်ပျိုးပြီးစီးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးစိုးသက်အောင်ထံမှ သိရသ ည်။

ဆောင်းသီးနှံစိုက်ပျိုးအောင်မြင်သည့်အတွက် ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်လမ်းများလည်း ရရှိနေကြောင်း ဒေသခံပြည်သူများထံမှ စုံစမ်းသိရသည်။

သီးနှံများအထွက်နှုန်းကောင်းမွန်စေရန် မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာန၊ ဦးစီးမှူးနှင့် ဝန်ထမ်းများက ပိုးမွှားကျရောက်မှု ကင်းထောက်ခြင်း၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ အချိုးကျရောစပ်အသုံးပြုနည်းစသည့် စိုက်ပျိုးရေး နည်းပညာများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here