ယာဉ်စီးခအတွက် YPS QR Code အသုံးပြုပေးချေမှုတွင် စီးနင်းသူများ အခက်အခဲအချို့ရှိနေ

0
199

YBS ယာဉ်လိုင်းများတွင် စမ်းသပ်အသုံးပြုနေပြီဖြစ်သည့် YPS QR Code အသုံးပြုကာ ယာဉ်စီးခပေးချေမှုလုပ်ငန်းစဉ်သည် ယာဉ်စီးနင်းသူများအတွက် အခက်အခဲအချို့ရှိနေကြောင်း သိရသည်။

လက်ရှိတွင် QR Scan ပြုလုပ်ချိန်ကြာမြင့်ပါက ယာဉ်မောင်းမှ စိတ်မရှည်ခြင်း၊ အင်တာနက်လိုင်းကျနေချိန် Scan လုပ်မရခြင်း၊ ဗားရှင်းအနိမ့်ဖုန်းများမရခြင်း စသည့် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။

“လောလောဆယ်တော့ သုံးရတာ အဆင်မပြေသေးဘူး။ ငွေဖြည့်ရတာလည်း အခက်အခဲရှိတယ်”ဟု YPS QR Code အသုံးပြုသူတစ်ဦးက ပြောသည်။

ဇန်နဝါရီလ (၁၁) ရက်မှ စတင်ကာ YPS QR Code စနစ်ကို ကနဦးစမ်းသပ်မှုအဖြစ် YBS 131၊  YBS 55 နှင့် YBS 57 တို့တွင် အသုံးပြုလျက်ရှိကြောင်း သိရသည်။

“ငွေဖြည့်တာကို mm pay ၊ g & g ဆိုင်တွေမှာ ဖြည့်လို့ရတယ်။ နောက်ပိုင်းဆိုရင်တော့ mobile pay တွေမှာ ထည့်လို့ရအောင် လုပ်သွားမယ်”ဟု YBS ယာဉ်လိုင်းကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူက ပြောသည်။

YPS QR Code အသုံးပြုရန် MPYPS+ Application ကို Google Play store မှတစ်ဆင့် Download ပြုလုပ်ထားရန်လိုပြီး YBS 13၊ YBS 55 နှင့် YBS 57 တို့တွင်လည်း Download ပြုလုပ်နိုင်ရန်အတွက် QR Code Sticker များ ကပ်ပေးထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here