အထွက်နှုန်းကျဆင်းနေသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့မြေများမှ ထပ်မံတိုးမြှင့်ထုတ်လုပ် နိုင်ရေးမြန်မာ – ရုရှား ဆွေးနွေး

0
154

မြန်မာ – ရုရှားနှစ်နိုင်ငံအကြား စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ရေး ကိစ္စရပ်များကို စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံ သံအမတ်ကြီး Mr. Iskander Azizov ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံစဉ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံ၌ ရေနံချက်စက်ရုံတည်ဆောက်နိုင်ရန်အတွက် ဆွေးနွေးနေသည့် ကိစ္စရပ်များ၊ အထွက်နှုန်းကျဆင်းနေသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့မြေများမှ ထပ်မံတိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် ဘူမိဗေဒနှင့် ဘူမိရူပဗေဒဆိုင်ရာ လုပ်ငန်းများတွင် Artificial Intelligence (AI) နည်းပညာအသုံးပြုနိုင်ရန်အတွက် ဆောင်ရွက်နေသည့်ကိစ္စရပ်များ၊ မြန်မာ – ရုရှား နှစ်နိုင်ငံအကြား စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍  အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ တွေ့ဆုံပွဲသို့ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here