ကြည့်မြင်တိုင်မြို့နယ်တွင် ရပ်ထားသည့်ကားအား ဝင်တိုက်မိမှုကြောင့် အမျိုးသား (၂) ဦး ဒဏ်ရာရ

0
118

ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်တွင် ရပ်ထားသည့်ကားအား အိမ်စီးကားမှ အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိမှုကြောင့် အမျိုးသား (၂) ဦး ဒဏ်ရာရရှိမှု ယနေ့ နံနက်ပိုင်းကဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကြည့်မြင်တိုင်မြို့နယ်၊ သီရိမင်္ဂလာစျေးဟောင်းအနီးတွင် ယနေ့ နံနက် (၁) နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အားမာန်လူငယ် ပရဟိတအသင်းထံမှ သိရသည်။

“ရပ်ထားတဲ့ကားကို အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိတာလို့ သိရတယ်။ ကားပေါ်ပါလာတဲ့ အမျိုးသား (၂) ဦး ဒဏ်ရာရပါတယ်။ ကားတွေကတော့ ပျက်စီးဆုံးရှုံးမှု တန်ဖိုးများပေမယ့် လူတွေကတော့ မစိုးရိမ်ရပါဘူး” ဟု အားမာန်လူငယ်ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ပြောသည်။

အဆိုပါ ယာဥ်တိုက်မှုဖြစ်စဥ်ကြောင့် ဒဏ်ရာရရှိလူနာများအား ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ အားမာန် လူငယ်ပရဟိတအသင်း (ရန်ကုန်)မှ ကူညီပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။

Photo – အားမာန်လူငယ်ပရဟိတအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here