ရှေးဟောင်းကားများကို  ပြန်လည် မှတ်ပုံတင်ဆောင်ရွက်ပေးမည်  

0
240

လာမည့် ဖေဖော်ဝါရီ (၁) ရက်မှစပြီး မှတ်ပုံတင်ဖျက်သိမ်းပြီးသော ရှေးဟောင်း Classic ကားများကို  ပြန်လည် မှတ်ပုံတင်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် ယခင်က မှတ်ပုံတင်ထားရှိပြီး သက်တမ်းတိုးဆက်လက်ဆောင်ရွက်ထားခြင်း မရှိသည့် မှတ်ပုံတင်ဖျက်သိမ်းပြီးဖြစ်သော 1980 Model နှင့် ၎င်းမတိုင်မီယာဉ်များအား ရှေးဟောင်း Classic မော်တော်ယာဉ်အဖြစ် သတ်မှတ်ဒဏ်ကြေးဖြင့် ပြန်လည်မှတ်ပုံတင်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် မှတ်ပုံတင်ဆောင်ရွက်ရာတွင် မူလမှတ်ပုံတင်ထားရှိခဲ့သော ယာဉ်များကိုသာပြန်လည်မှတ်ပုံတင် ဆောင်ရွက်ပေးမည်ဖြစ်ပြီး ယာဉ်အမှတ်အား ရောက်ရှိယာဉ်အမှတ်အသစ်ဖြင့် သတ်မှတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ မှတ်ပုံတင်ပြန်လည်ဆောင်ရွက်ပေးမည်ဆိုသော်လည်း ယခင်မှတ်ပုံတင်ထားခြင်းမရှိသော ရှေးဟောင်းယာဉ်များကို မှတ်ပုံတင်ပေးမည်မဟုတ်ကြောင်း ဖော်ပြထားသည်။

ဖေဖော်ဝါရီ (၁) ရက်မှ ဇူလိုင် (၃၁) ရက်အထိ (၆) လကာလအတွင်းရှေးဟောင်း Classic မော်တော်ယာဉ်များ ပြန်လည်မှတ်ပုံတင် ဆောင်ရွက်ခြင်းအား သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်/ခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ရုံးများတွင်  ဆက်သွယ်ဆောင်ရွက်နိုင်မည်ဖြစ်ပြီးအသေးစိတ်အချက်အလက်များအား www.motc.gov.mm နှင့်  www.myanmarrtad.com တွင်ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here