ကျောင်းစုံညီပွဲတွင် ကျောင်းသားချင်း ရန်ဖြစ်ရာမှ ချွန်ထက်သောအရာဖြင့် အထိုးခံရမှုကြောင့် အသက် (၁၉) အရွယ်ကျောင်းသားတစ်ဦးသေဆုံး

0
225

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ ကျောင်းစုံညီပွဲတွင် ကျောင်းသားချင်း ရန်ဖြစ်ရာမှ ချွန်ထက်သောအရာဖြင့် အထိုးခံရမှုကြောင့် အသက် (၁၉) အရွယ်ကျောင်းသားတစ်ဦးသေဆုံးမှု ယနေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့၊ ပြည်သာယာမြောက်ရပ်ကွက်၊ အမှတ် (၁၅၁) စာသင်ကျောင်းတွင် ယနေ့ နံနက် ၁၀ နာရီခွဲ ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း  ပြည်သာယာလူငယ် လူမှုကူညီရေးအသင်းထံမှ သိရသည်။

“အထိုးခံရတဲ့သူက အမှတ် (၁၅၁) စာသင်ကျောင်းက မဟုတ်ဘူး၊ ထိုးလိုက်တဲ့ ကလေးကတော့ အမှတ် (၁၅၁) စာသင်ကျောင်းက (၇) တန်းကျောင်းသားလို့ သိရပါတယ်” ဟု လူမှုကူညီအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

(၁၉) နှစ်အရွယ် (၉) တန်းကျောင်းသားမှာ လည်ပင်းနှင့် ဝမ်းဗိုက်တို့တွင် ချွန်ထက်သော အရာဖြင့် အထိုးခံရသည့် ဒဏ်ရာတစ်ချက်စီ ရရှိခဲ့သည့်အတွက် အသင်းမှလူနာတင်ကားဖြင့်မိတ္ထီလာ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့သော်လည်း ဆေးရုံရောက်ချိန်တွင် သေဆုံးသွားသည့်အတွက် ရင်ခွဲရုံသို့ ထပ်မံပို့ဆောင်ကူညီပေးခဲ့ရကြောင်း သိရသည်။

ဓာတ်ပုံ – ပြည်သာယာလူငယ် လူမှုကူညီရေးအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here