တန်ပြန်အကြမ်းဖက်စစ်ဆင်ရေးများ စတင်ပြီဟု ပါကစ္စတန်အတည်ပြု

0
119

အီရန်ရှိ အကြမ်းဖက်လက်နက်ကိုင်များ ပုန်းအောင်းနေသည့် နေရာတို့ကို မိမိတပ်များက တန်ပြန်တိုက်ခိုက်မှုများ စတင်ပြုလုပ်ပြီဖြစ်ကြောင်း ပါကစ္စတန် နိုင်ငံရေးဝန်ကြီးဌာနက အတည်ပြုပြောကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံသည် အီရန်နိုင်ငံ Sistan နှင့် Baluchestan ပြည်နယ်ရှိ အကြမ်းဖက်လက်နက်ကိုင်များ ခိုအောင်းနေသည့် နေရာများကို တိုက်ခိုက်မှု အပါအဝင် အကြမ်းဖက်မှု တန်ပြန်ရေး စစ်ဆင်ရေး Marg Bar Sarmachar အား စတင်လုပ်ဆောင်ခဲ့ကြောင်း ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ဒီမနက်က ပါကစ္စတန်ဟာ Siestan နဲ့ Baluchistan ပြည်နယ်မှာ အကြမ်းဖက်သမားတွေ ပုန်းအောင်းနေတဲ့ နေရာတွေကို အထူးပစ်မှတ်ထားပြီး စစ်ရေးအရ တိတိကျကျ တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်” ဟု သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ပါကစ္စတန်သည် အီရန်၏ အချုပ်အခြာအာဏာနှင့် ပိုင်နက်နယ်မြေ ဂုဏ်သိက္ခာကို အပြည့်အဝ လေးစားပါသည်။ ယနေ့ လုပ်ရပ်၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာလည်း ပါကစ္စတန်နိုင်ငံ၏ လုံခြုံရေးနှင့် အမျိုးသား အကျိုးစီးပွား ဦးစားပေးပြီး ဆောင်ရွက်မှုဖြစ်သဖြင့် အလျှော့မပေးနိုင်ပါ”ဟုလည်း ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီးဌာနက အလေးပေး ပြောကြားခဲ့သည်။

ပါကစ္စတန်ထောက်လှမ်းရေးက စုံစမ်းထောက်လှမ်းရရှိထားသည့် အချက်အလက်များကို အခြေခံ၍ ပြုလုပ်သော “Marg Bar Sarmachar” ဟု အမည်ပေးထားသည့် အဆိုပါစစ်ဆင်ရေးအတွင်း အကြမ်းဖက်သမား အများအပြား သေဆုံးခဲ့ကြောင်း ယင်းကြေညာချက်တွင် ဆိုထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here