အရက်မူးပြီး ဆိုင်ကယ်မောင်းနှင်သူ အမျိုးသမီး ယာဉ်တိုက်မှုဖြစ်ကာ နေရာ၌ပင်သေဆုံး

0
155

မြစ်ကြီးနားမြို့ ၊ စီတာပူရပ်ကွက်တွင် အရက်မူးပြီး ဆိုင်ကယ်မောင်းနှင်လာသူ အမျိုးသမီးတစ်ဦး ယာဉ်တိုက်မှုဖြစ်ပြီး နေရာ၌ပင် သေဆုံးသွားကြောင်း မြစ်ကြီးနားမြို့ အခြေစိုက် မြန်မာနိုင်ငံလူမှုကယ်တယ်ရေးအဖွဲ့ထံမှ သိရသည်။

အဆိုပါ ယာဉ်တိုက်မှုမှာ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက် ၊ ဂျပန်လမ်း၊ ဇေယျာမင်း ဆီဆိုင်အရှေ့၌ ယမန်‌နေ့ ဇန်နဝါရီ (၁၇) ရက် ညနေ (၄ )နာရီ ဝန်းကျင်အချိန်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသူအမျိုးသမီးမှာ အသက်(၄၀)အရွယ် ဒေါ်ဂျာနူးဆိုသူဖြစ်ကြောင်း မြန်မာနိုင်ငံလူမှုကယ်တယ်ရေးအဖွဲ့ (မြစ်ကြီးနား)မှ တာဝန်ရှိသူတစ်ဦးက ‌ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

“သေဆုံးသူက အရက်သောက်ထားတယ်။ ဆိုင်ကယ်ကို အရှိန်နဲ့မောင်းလာပြီး တစ်ဖက်ယာဉ်ကြောက မောင်းလာတဲ့ကောင်လေးတစ်ယောက် ဆိုင်ကယ်ကို ဝင်တိုက်တာ။ ကောင်လေးကတော့ ဘယ်ဘက်လက် ထိခိုက်ဒဏ်ရာရသွားတ ယ်။ သေသူက မှတ်ပုံတင်ပါလာတယ်။ မှတ်ပုံတင်အရတော့ စီတာပူကတော့ မဟုတ်ဘူး၊ (၁၉)စံပြဘက်က ပါ” ဟု ၎င်းကဆိုသည်။

သေဆုံးသူအမျိုးသမီးအား မြစ်ကြီးနားမြို့အခြေစိုက် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့မှ မြစ်ကြီးနားဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here