မြစ်ကြီးနား – ဖားကန့်လမ်းပိုင်း ယာယီ ပိတ်ထားဆဲဟု ဆို

0
131

ကချင်ပြည်နယ်အတွင်းဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ယနေ့ ဇန်နဝါရီ (၁၈) ရက်အထိ မြစ်ကြီးနား- ဖားကန့်လမ်းပိုင်း ပိတ်ထားဆဲဖြစ်ကြောင်း ဖားကန့်ဒေသခံ သတင်းရင်း မြစ်များထံမှ သိရသည်။

မြစ်ကြီးနား – ဖားကန့်လမ်းအား ဇန်နဝါရီ (၁၅)ရက်မှ စတင်ကာ ယာယီပိတ်ထားခြင်းဖြစ်ပြီး ယခုလ ကုန်ပိုင်းမှသာပြန် လည်ဖွင့်ပေးမည့် အခြေအနေတွင်ရှိကြောင်း ဒေသခံတစ်ဦးဆိုသည်။

အလားတူ ဖားကန့်ဘက်မှ မြစ်ကြီးနားသို့ ဆင်းသည့် ယာဉ်များကိုလည်း ဖြတ်သန်းခွင့်မပေးဘဲ လယ်ပြင်ဂိတ်တွင် ယာယီပိတ်ထားကြောင်း ဖားကန့် ဒေသခံများထံမှ သိရသည်။

“ဖားကန့်ကနေ အဆင်းကို လုံးခင်း လယ်ပြင်ဂိတ်မှာ ပိတ်ထားတယ်။ မြစ်ကြီးနားဘက်က အတက်ကိုတော့ နန့်ယားဘက်မှာ ပိတ်ထားပါတယ်။ ဘယ်နေ့ဖွင့်မယ်ဆိုတာတော့မသိရသေးဘူး။ လကုန်လို့လည်းကြားရတယ်”ဟု ၎င်းက ဆိုသည်။

ထို့အပြင် KIA အဖွဲ့ကလည်း တာမခန်ဘက်မှ ဖားကန့်ဘက်သို့ တက်လာသည့် ယာဉ်များကို စစ်ရေးအခြေအနေကြောင့်ဟုဆိုကာ သွားလာခွင့်ပိတ်ထားကြောင်း ဒေသတွင်း သတ င်းများအရ သိရသည်။

“လမ်းတွေ ပိတ်ထားတာတော့ သိရတယ်။တိုက်ပွဲတွေကြောင့်လို့လည်းကြားရတယ်။ လောလောဆယ် သွားလာတဲ့ကားတွေမရှိသလောက်ပါဘဲ။ အချို့ကားသမားတွေ ပြီးခဲ့တဲ့ရက်က ညအိပ်စောင့်ရတယ်။ မဖွင့်တော့တဲ့အဆုံး ပြန်လှည့်လာကြတယ်လို့ ပြောတယ်။ အချို့ကလည်း စောင့်လက်စနဲ့ဆ က်စောင့်နေတယ်လို့ကြားတယ်။”ဟု မြစ်ကြီးနား မြို့ဒေသခံ တစ်ဦးက ဆိုသည်။

ဇန်နဝါရီလ(၆)ရက်တွင် မြစ်ကြီးနား- ဖားကန့်လမ်းရှိ နန့်တိန်းကျေးရွာအနီး တပ်မတော်နှင့် KIA တို့ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းကြောင့် လမ်းအား ယာယီပိတ်ထားခြင်းဖြစ်ပြီး အဆိုပါ ကျေးရွာအနီးရှိ ဒေသခံပြည်သူများလည်းဘေး လွတ်ရာသို့ ယာယီတိမ်း ရှောင်နေကြရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here