နိုင်ငံခြားရေးဝန်ကြီး ဦးသန်း‌ဆွေ၏ သားမက်ဖြစ်သူ လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဖြစ်လာ

0
175

နစကအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန၏ နိုင်ငံရေးရာဦးစီးဌာနမှညွှန်ကြားရေးမှူးချုပ် ဦးအောင်ကိုအား လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်အဖြစ်ခန့်အပ်လိုက်ကြောင်း နစက က သတင်းထုတ်ပြန်ကြေညာလာသည်။

အဆိုပါ သံအမတ်ခန့်အပ်ခြင်းနှင့် ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ယနေ့ ဇန်နဝါရီလ (၁၈) ရက်တွင် ထုတ်ပြန်ကြေညာလာခြင်း ဖြစ်သည်။လာအိုနိုင်ငံသည် အာဆီယံဥက္ကဋ္ဌတာဝန်ယူနေသည့် ကာလ လည်းဖြစ်သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကိုအား လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတ နိုင်ငံဆိုင်ရာ အထူးအာဏာ ကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် သံအမတ်ကြီးအဖြစ် ခန့်အပ်လိုက်ပြီဖြစ်ကြောင်း ဖော်ပြပါရှိသည်။

ယခု လာအိုနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် ခန့်အပ်ခြင်းခံရသည့် ဦးအောင်ကိုသည် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၏ သားမက်တစ်ဦးလည်းဖြစ်သည်။ယခင် သမ္မတဦးသိန်းစိန်လက်ထက်တွင် စကားပြန်အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

ပုံစာ – အမေရိကန်သမ္မတ အိုဘားမား၏ ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံခရီးစဉ်တွင် သမ္မတ ဦးသိန်းစိန်အနီး၌ မြင်တွေ့ရသည့် ဦးအောင်ကို


LEAVE A REPLY

Please enter your comment!
Please enter your name here