အိန္ဒိယအမျိုးသမီးလိဂ်ပွဲစဥ်တွင် (၁) ဂိုးသွင်း (၂) ဂိုးဖန်တီးနိုင်ခဲ့သည့် ဝင်းသိင်္ဂီထွန်း

0
97

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းသည် သူမ၏ အသင်းသစ်ဖြစ်သည့် အိန္ဒိယအမျိုးသမီးကလပ် Odisha FC အသင်းနှင့် ယနေ့ပွဲစဥ်တွင် အသင်းအတွက် (၁) ဂိုးသွင်း (၂) ဂိုးဖန်တီးနိုင်ခဲ့ကြောင်း သိရသည်။

IWL 2023-24 ပွဲစဥ်ဖြစ်သည့် East Bengal Club နှင့် Odisha FC တို တို့ ယနေ့ ဇန်နဝါရီ (၁၈) ရက်က ယှဥ်ပြိုင်ကစားရာ ဝင်းသိင်္ဂီထွန်းသည် Odisha FC နှင့်အတူ ပွဲထွက်ကစားခွင့်ရ ရှိခဲ့ပြီး အသင်းအတွက် (၁) ဂိုးသွင်း (၂) ဂိုးဖန်တီးနိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပွဲစဥ်အပြီးတွင် Odisha FC က (၄) ဂိုး (၁) ဂိုးရလဒ်ဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ဝင်းသိင်္ဂီထွန်းသည် မြန်မာအမျိုးသမီး ဘောလုံးသမားများထဲတွင် ဂိုးသွင်းအများဆုံး တိုက်စစ်မှုးတစ်ဦးလည်း ဖြစ်သ ည်။


LEAVE A REPLY

Please enter your comment!
Please enter your name here