မြန်မာ့ အားကစားလောကကို မြှင့်တင်နိုင်ရေး ဘရာဇီးသံအမတ်သစ်နှင့် နစက ဥက္ကဋ္ဌ ဆွေးနွေး

0
101

မြန်မာနိုင်ငံဆိုင်ရာ ဘရာဇီးသံအမတ်အဖြစ် ခန့်အပ်ခံရသည့် H.E. Mr. Gustavo Rochade Menezes နှင့် နစက ဥက္ကဋ္ဌတို့ တွေ့ဆုံကာ မြန်မာ့အားကစားလောကကို မြှင့်တင်နိုင်ရေးအပါအဝင် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယနေ့ ဇန်နဝါရီ (၁၈) ရက် နံနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ ၎င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်စဥ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာ – ဘရာဇီး နှစ်နိုင်ငံ အပြန်အလှန်ကုန်သွယ်မှုကဏ္ဍ မြှင့်တင်ရေး ဆိုင်ရာကိစ္စရပ်များ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အပြင် စက်မှုနည်းပညာပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏နိုင်ငံရေး ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှု အခြေအနေများ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်ချမှတ်၍ နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိမှု၊လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍လည်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲသို့ နစကတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်နှင့် သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝဏ္ဏဟန်တို့ တက်ရောက်ခဲ့ကြကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here