လှည်းကူးမြို့နယ်၊ လက်ပံကျေးရွာတွင် အမှိုက်ပုံ မီးလောင်မှုဖြစ်ပွားရာ (၅)နာရီခန့်ကြာ ငြှိမ်းသတ်ခဲ့ရ

0
128

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ လက်ပံကျေးရွာတွင် အမှိုက်ပုံ မီးလောင်မှုဖြစ်ပွားရာ Level 1 အဆင့်သတ်မှတ်ပြီး (၅) နာရီကြာ ငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့သတင်းများအရ သိရသည်။

ဇန်နဝါရီ (၁၈) ရက်၊ ည (၉)နာရီ အချိန်ခန့် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ လှည်းကူးမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၃) စီး၊ မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ထောက်ကြန့်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ဒါးပိန်မြို့နယ်မီးသတ်စခန်းမှမီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

ထိုသို့ ငြှိမ်းသတ်ခဲ့ရာ ည (၁၂)နာရီ အချိန်ခန့်တွင် Level 1 အဆင့်သို့ ရောက်ရှိကာ ဇန်နဝါရီ (၁၉)ရက် နံနက်အစောပိုင်း (၀၀)နာရီ (၃)မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ဇန်နဝါရီ (၁၉) ရက်၊ နံနက်အစောပိုင်း (၂)နာရီ (၁၄)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်၊၊


LEAVE A REPLY

Please enter your comment!
Please enter your name here