၂၀၂၄ ခုနှစ် ပထမဆုံးအကြိမ် ပိုက်ကျော်ခြင်း ဖိတ်ခေါ်ဖလားပြိုင်ပွဲ ကစားသမား စာရင်းကြေညာ၊ အမျိုးသမီးနှစ်သင်းပါဝင်

0
120

၂၀၂၄ ခုနှစ် ပထမဆုံးအကြိမ် ပိုက်ကျော်ခြင်း ဖိတ်ခေါ်ဖလားပြိုင်ပွဲကို ဇန်နဝါရီလ (၂၁) ရက်မှ (၂၈)ရက်နေ့အထိ တစ်ပတ်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ၊ကစားသမားစာရင်းကို အသိပေးကြေညာထားပြီး ယင်းအနက် အမျိုးသမီးအသင်း နှစ်သင်းပါဝင်ကြောင်း သိရသည်။

ပြိုင်ပွဲကို မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်က ကြီးမှူး၍ SKYNET က စီစဥ်ကျင်းပခြင်းဖြစ်ကာ ပြိုင်ပွဲကြီးတွင် အမျိုးသားအသင်း (၆)သင်း နှစ်ဖွဲ့ စုစုပေါင်း (၁၂) နှင့် အမျိုးသမီးအသင်း (၄)သင်းတို့ ယှဥ်ပြိုင်ကစားသွားကြမည်ဖြစ်သည်ဟု မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်ထံက သိရသည်။

အမျိုးသားအသင်း(၆)သင်းတွင် နာမည်ကျော်ကစားသမားများဖြစ်သော အုန်းမွှေးလုံး၊ အာဒစ်၊ ကျောင်းဆရာ၊ ရှိန်းလေး၊ ဓာတ်လုံးတို့ပါဝင်ခဲ့ကာ အသင်းများအနေဖြင့် Kaung Sayar Late အသင်း၊ Late Thone Kaungအသင်း၊ Khit Kyaung Thar အသင်းနှင့် Shwe Kyun Thar အသင်း၊ USL Clubအသင်း၊ Ko Paingအသင်းနှင့် AKM အသင်းတို့ပါဝင်ခဲ့ကြသည်။

ထို့အတူ အမျိုးသမီးအသင်း(၇)သင်းတွင် Gusto Clubအသင်း၊ Apple Club အသင်း၊ Huamei Myanmar အသင်းနှင့် Grand Mekongအသင်းတို့ ပါဝင်ခဲ့ကြသည်။

အဆိုပါ မြန်မာ့ပထမဆုံး ပိုက်ကျော်ခြင်းပြိုင်ပွဲကြီးကို SKYNET SPORTS 4, SKYNET SPORTS HD ရုပ်သံလိုင်းများက တိုက်ရိုက် (Live) စောင့်မျှော်ကြည့်နိုင်ကြောင်းလည်း ကြေညာထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here