ဖားကန့်မြို့နယ်တွင် အုပ်ချုပ်ရေးမှူးတစ်ဦး ပျောက်ဆုံးနေ

0
123

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မက်လင်ဂျောင်ကျေးရွာတွင် နေထိုင်သည့် ရာအိမ်မှူးတစ်ဦး ပျောက်ဆုံးနေကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

ပျောက်ဆုံးနေသော အဆိုပါ ရာအိမ်မှုးမှာ အသက် (၄၅)နှစ်ခန့်အရွယ်ခန့်ရှိ ဦးရွှေလှိုင်ဦးဆိုသူဖြစ်ပြီး ယခု ဇန်နဝါရီလ (၁၅)ရက်တွင် အလုပ်ကိစ္စရှိသည်ဟုဆိုကာ နေအိမ်မှထွက်သွားရာမှ အဆက်အသွယ်ပြတ်တောက်ကာ ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။

“ပျောက်နေတာတော့ သုံးရက်လောက်ရှိပြီ။ အဆက်အသွယ် လုံးဝမရသေးဘူး။ သူမိန်းမပြောတာတော့ ပါသွားတဲ့ ဖုန်းလည်း စက်ပိတ်ထားတယ်လို့ပြောတယ်။ သက်ဆိုင်ရာကိုတော့အကြောင်း ကြားထားတယ်လို့ သိရတယ်ဗျ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇွန်လနှင့် ဇူလိုင်လတို့တွင်လည်း ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ဆွေနှင့် စပျစ်ကူးကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်လင်းတို့ ယင်းကဲ့သို့ ပျောက်ဆုံးခဲ့ကာ အသ-တ်ခံထားရပြီး ‌ေ-သဆုံးနေသည့် ရုပ်အလောင်းများသာ ပြန်လည်တွေ့ရှိခဲ့သည်ဟု ဒေသတွင်း သတင်းဖော်ပြချက်များအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here