မန္တလေးရှိ “ဆယ်သန်း”ရွှေဆိုင် ဓ-ါးပြတိုက်ခံရ၊ ရွှေ (၂) ပိဿာ အပါအဝင် ငွေသားနှင့် လက်ဝတ်ရတနာများ လုယက်ယူဆောင်သွား

0
186

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ (၃၉) လမ်း၊ (၈၄) လမ်းနှင့် (၈၅) လမ်းကြားရှိ “ဆယ်သန်း” ရွှေဆိုင်တွင် ‌ေ-သနတ်ပြ ခြိမ်းခြောက်ကာ ရွှေ (၂) ပိဿာ အပါအဝင် ငွေသားနှင့် လက်ဝတ်ရတနာများ လုယက်ယူဆောင်သွားမှု ဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် မြို့ခံများထံမှ သိရသည်။

ဇန်နဝါရီ (၁၉) ရက် နံနက် (၈)နာရီအချိန်ခန့်က ၎င်းရွှေဆိုင်သို့ ဆိုင်ကယ်ဖြင့် အမျိူးသား (၃)ဦးရောက်ရှိလာရာ ဆိုင်ဝန်ထမ်းများကို ‌ေ-သနတ်ဖြင့် ချိန်ကာ ငွေသားကျပ်သိန်း (၂၀၀) နှင့် ရွှေ(၂)ပိဿာခန့်ကို ယူဆောင်သွားကြောင်း သတင်းများအရ သိရသည်။

“မနက် (၈) နာရီလောက်က အမျိုးသား (၃)ဦး ဆိုင်ကယ်နဲ့လာတာ။ ‌ေ-သနတ်ပါတယ်ပေါ့။ အခုတော့ စစ်ဆေးနေတုန်းပဲ”ဟု မန္တလေးမြို့ခံ တစ်ဦးက ပြောသည်။

အဆိုပါ ရွှေဆိုင် ဓ-ါးပြတိုက်ခံရမှုနှင့် ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ထို့အပြင် ၂၀၂၃ ခုနှစ် နိုဝင်ဘာ (၁၇) ရက်နှင့် အောက်တိုဘာ (၃၀) ရက်တို့ကလည်း ချမ်းအေးသာစံမြို့နယ်နှင့် မဟာအောင်မြေမြို့နယ်တို့ရှိ ရွှေဆိုင် (၂)ဆိုင် ဓ-ါးပြတိုက်ခံရမှုဖြစ်ပွားခဲ့သေးကြောင်း သတင်းများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here