ဘဏ္ဍာရေးနှစ်အတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ကျေးရွာပေါင်း (၃၄)ရွာတွင် ဆောင်ရွက်နိုင်ခဲ့ရာစုစုပေါင်း ၂၄၀၇ ရွာရှိပြီဖြစ်

0
125

ဧရာဝတီတိုင်းဒေသကြီး၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ်အ တွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ကျေးရွာပေါင်း (၃၄) ရွာတွင် ဆောင်ရွက်နိုင်ခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

“၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှာ ကျေးရွာ (၃၄) ရွာမှာ မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ခဲ့ပါတယ်။ ဒီနှစ်အထိဆိုရင် စုစုပေါင်း ၂၄၀၇ ရွာ ရှိသွားပါပြီ။ မြစိမ်းရောင်ဆောင်ရွက်ရတဲ့ အဓိကအကြောင်းအရင်းကတော့ ကျေးရွာတွေမှာ အလုပ်အကိုင် အခွင့်အလမ်းနဲ့ မိသားစုဝင်ငွေတွေ တိုးလာပြီးတော့မှ ဆင်းရဲမှုကို လျှော့ချဖို့ ဖြစ်ပါတယ်”ဟုဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိအချိန်ထိ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ကျေးရွာပေါင်း ၂၀ ဒသမ ၅  ရာခိုင်နှုန်းကို မြစိမ်းရောင်စီမံကိန်း ဆောင်ရွက်နေပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ပျမ်းမျှ ၃၀ ရာခိုင်နှုန်း လျာထားကြောင်း သိရသည်။

“ဧရာဝတီတိုင်းက ကျေးရွာများသလို တိုင်းဒေသကလည်း ဆင်းရဲမှုနှုန်းလည်း မြင့်ပါတယ်။ အဲဒါကြောင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ဆောင်ရွက်ခြင်းအားဖြင့် ကျေးလက်နေပြည်သူတွေရဲ့ ဆင်းရဲမှုလျှော့ချရေးကို အထောက်အကူပြုမယ်လို့ ပြောလိုပါတယ်။ ၂၀၁၄ -၂၀၁၅ ကနေ စပြီးတော့မှ ဆောင်ရွက်ခဲ့တာပါ။ ယခုအချိန်ထိဆိုရင် ကျပ် ၇၂.၈၇ ဘီလီယံကျပ် မြစိမ်းရောင်ကျေးရွာစီမံကိန်း ထုတ်ချေးထားပါတယ်”ဟု ၎င်းကဆက်လက်ရှင်းပြသည်။

ဓာတ်ပုံ – အင်တာနက်


LEAVE A REPLY

Please enter your comment!
Please enter your name here