(၉)လတာ ကာလအတွင်း ပြည်ပသို့ ပုစွန်မက်ထရစ်တန်ချိန် ၈၄၀၀ ကျော် တင်ပို့ထား

0
162

၂၀၂၃-၂၀၂၄  ဘဏ္ဍာနှစ်၏ (၉)လတာကာလ အတွင်းပြည်ပသို့ ပုစွန်မက်ထရစ်တန်ချိန် ၈၄၀၀ ကျော် တင်ပို့ထားကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

၂၀၂၃-၂၀၂၄  ဘဏ္ဍာနှစ်  ဧပြီလ (၁) ရက်မှ ဒီဇင်ဘာလ (၃၁) ရက်အထိ ကိုးလတာကာလအတွင်း  ပြည်ပသို့  ပုစွန်မက် ထရစ်တန်  ၈၄၃၂ ဒသမ ၁၀၄ တန်တင်ပို့နိုင်ပြီး  အမေရိက န်ဒေါ်လာ ၃၂ ဒသမ ၀၇၉ သန်း ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ (၉)လတာ ကာလအတွင်း  ပုံမှန်ကုန်သွယ်မှုမှ ပုစွန်မက်ထရစ်တန် ၇၇၃၁ ဒသမ ၃၉၁ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၂၈ ဒသမ ၄၁၆ သန်းနှင့်  နယ်စပ်ကုန်သွယ်မှုမှ  ပုစွန်မက်ထရစ်တန် ၇၀၀ ဒသမ ၇၁၃ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၃ ဒသမ ၆၆၃ သန်းရရှိထားကြောင်း သိရသ ည်။

မြန်မာနိုင်ငံမှ ငါး၊ ပုစွန်စသည့် ရေထွက်ကုန်များကို တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဂျပန်နိုင်ငံ စသည့်နိုင် ငံပေါင်း ၄၀ ကျော်သို့ တင်ပို့လျက်ရှိပြီး  ရန်ကုန်မြို့မှတဆ င့်  ပုံမှန်တင်ပို့သည့်အပြင် နယ်စပ်ကုန်သွယ်ရေး စခန်းများမှလည်း တိုက်ရိုက်တင်ပို့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here