ဗဟိုဘဏ်မှ နိုင်ငံခြားငွေကြေး ဈေးကွက်အတွင်းသို့ ထိုင်းဘတ် သန်း ၅၀ ထုတ်ရောင်းပေး

0
262

မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ယနေ့ဇန်နဝါရီ (၁၉) ရက်တွင် နိုင်ငံခြားငွေကြေးဈေးကွက်အတွင်းသို့ ထိုင်းဘတ် သန်း ၅၀ ရောင်းချပေးထားကြောင်း ထုတ်ပြန်ကြေညာထား သည်။

မြန်မာနိုင်ငံအနေဖြင့် ထိုင်းနိုင်ငံဘက်ခြမ်းမှ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ စက်နှင့် စက်အပိုပစ္စည်းများ၊ ဆေးဝါး၊ စက်ရုံသုံး ကုန်ကြမ်းပစ္စည်းများ၊ ဓာတ်မြေသြဇာ၊ စားသောက်ကုန်ပစ္စည်း၊ အလှကုန်များနှင့် လျှပ်စစ်ပစ္စည်းများ အစရှိသည့် ကုန်စည်အမယ်များကို တင်သွင်းလျက်ရှိပြီး သွင်းကုန်တင်သွင်းသူများအဆင်ပြေစေရန်အတွက် ထု တ်ရောင်းပေးခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံနှင့် ကုန်သွယ်မှုပြုလုပ်ရာတွင် မြန်မာငွေကျပ်နှင့် ထိုင်းငွေဘတ်တို့ကို တိုက်ရိုက်ပေးချေခွင့် ပြုထားပြီး ပြည် တွင်း နိုင်ငံခြားငွေဈေးကွက်တွင် ထိုင်းဘတ်ငွေဈေးနှုန်းသည် တစ်ဘတ်လျှင် ၉၉ ဒသမ ၅၀ ကျပ်ရှိကြောင်း သိရသည်။

ဗဟိုဘဏ်က စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများအတွက် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၁၈) ရက်တွင် ကန်ဒေါ်လာ ၉ ဒသမ ၇၂ သန်း၊ (၂၁)ရက်တွင်ဒေါ်လာ ၁၂ ဒသမ ၄၃ သန်း၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီ (၁) ရက်တွင် ဒေါ်လာ ၁၂ ဒ သမ ၉၄ သန်း၊ ဇန်နဝါရီလ (၅) ရက်၌ ဒေါ်လာ ၁၆ သန်း၊ဇန်နဝါရီ (၁၅)ရက်တွင် ဒေါ်လာ ၁၅ သန်း နိုင်ငံခြားငွေကြေးဈေးကွက်အတွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ဗဟိုဘဏ်အနေဖြင့် Online trading ငွေလဲနှုန်းကို ယခင် ၂,၉၂၀ နှုန်းထား သတ်မှတ်ထားရာမှ Market rate အတိုင်း ဒီဇင်ဘာ (၅) ရက်ကစပြီး လွတ်လပ်စွာ ရောင်းဝယ်ခွင့်ပြုထားပြီးနောက်ပိုင်း သွင်းကုန်သမားများအဆင်ပြေစေရန်အတွက် နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း ဒေါ်လာများကို ထုတ်ရောင်းပေးခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here