အင်းတကော်မြို့တွင် ဆီဆိုင်မီးလောင်မှုကြောင့် ဆိုင်ဝန်ထမ်းအမျိုးသားတစ်ဦးသေဆုံး

0
179

ပဲခူးတိုင်းဒေသကြီး၊ အင်းတကော်မြို့နယ်တွင် ဆီဆိုင်မီး လောင်မှုကြောင့် ဆိုင်ဝန်ထမ်းအမျိုးသား တစ်ဦးသေဆုံးမှု ယနေ့ နံနက်အစောပိုင်းကဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှသိရသည်။

အင်းတကော်မြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ရန်ကုန်-မန္တလေးကားလမ်းဘေးရှိ FARMER ဆီဆိုင်သည် ယနေ့ ဇန်နဝါရီ (၁၉) ရက် နံနက် ၂ နာရီ ၅၀ ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဆီဖြည့်ရင်းနဲ့ ဆီလျံလို့ ရေနဲ့ဖြန်းဖို့ ရေမော်တာစက်ကိုဖွင့်လိုက်တယ်။ ဖြစ်ချင်တော့ ရေမော်တာစက်ကြိုးပေါက်နေတဲ့ နေရာနဲ့ ဆီနဲ့ထိပြီး အခုလိုဖြစ်သွားတာပါ” ဟု ပဲခူးခရိုင်မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ပြောသည်။

မီးလောင်မှုဖြစ်ပွားရာသို့ပဲခူးခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသ တ်ယာဉ်(၂)စီး၊ ပဲခူးမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ အင်းတကော်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်စဥ်ကြောင့် ဆိုင်ဝန်ထမ်းအမျိုးသားတစ်ဦးသေဆုံးပြီး ဓာတ်ဆီဂါလန် (၁၀၀) ငွေကျပ် ၁၀ သိန်းဖိုးဆုံးရှုံးသွားကြောင်း သိရသည်။

Photo – CJ


LEAVE A REPLY

Please enter your comment!
Please enter your name here