ဂန္ထဝင်တေးသံရှင်မာမာအေးရဲ့စျာပနအခမ်းအနားကို အမေရိကန်နိုင်ငံ ၊ အင်ဒီယားနားပြည်နယ်၊ ဖို့ဝိန်းမြို့တွင်ပြုလုပ်မည်

0
132

ဂန္ထဝင်အဆိုတော်ကြီး ဒေါ်မာမာအေးဟာ ဇန်နဝါရီလ ၈ ရက်နေ့ အမေရိကန်စံတော်ချိန် ညနေ ၆:၂၈ ၊ မြန်မာစံတော်ချိန် ဇန်နဝါရီ ၉ ရက် မနက် ၅:၅၈ မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပြီး စျာပနအခမ်းအနားကို ဇန်နဝါရီလ ၂၇ ရက်နေ့ မနက် ၁၀ နာရီခွဲမှ နေ့လည် ၁ နာရီခွဲထိ အမေရိကန်နိုင်ငံ ၊ အင်ဒီယားနားပြည်နယ်၊ ဖို့ဝိန်းမြို့မှာပြုလုပ်သွားမှာဖြစ်ကြောင်းသိရပါတယ်။

ရန်ကုန်မြို့တွင် ဂန္ထဝင်အဆိုတော်ကြီးဒေါ်မာမာအေးအတွက် ရက်လည်ဆွမ်းကျွေးပွဲအခမ်းအနားကို ဇန်နဝါရီလ ၁၅ ရက်နေ့ က အမှတ် ၁၆ ၊စကားဝါလမ်း ၊ဒဂုံမြို့နယ် ၊ရွှေရတု ၊မင်္ဂလာခန်းမကြီး ၊မင်းကွန်းတိပိဋကနိကာယရွှေရတု ၊ငွေရတု ၊ကျောင်းတော်ကြီးမှာ နံနက် ၁၀ နာရီမှ ၁၂ နာရီထိပြုလုပ်ခဲ့ပါတယ်။

အဆိုပါရက်လည်ဆွမ်းကျွေးအခမ်းအနားကိုနယ်ပယ်အသီးသီးမှအနုပညာရှင်များမှတက်ရောက်ခဲ့ကာ ဂန္ထဝင်အဆိုတော်ကြီးမာမာအေးနဲ့ပတ်သက်ပြီး ဂန္ထဝင်ဒေါ်တင်တင်မြ ၊အဆိုတော်ထား ၊မန္တလေးသိန်းဇော် စသဖြင့် အနုပညာရပ်ဝန်းအသီးသီးမှမိတ်ဆွေများက အမှတ်တရစကားများပြောကြားခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here