ထိုင်း – မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုကဏ္ဍ တိုးမြှင့်ရေးနှင့် နယ်စပ်ကုန်သွယ်မှု အားကောင်းစေရေး နှစ်ဖက်ဆွေးနွေး

0
135

မြန်မာ – ထိုင်းနှစ်နိုင်ငံ ကုန်သွယ်မှုကဏ္ဍတိုးမြှင့်ရေးနှင့် နယ်စပ်ကုန်သွယ်မှု အားကောင်းစေရေး ကုန်သည်စက်မှုအသင်းချုပ်မှ တာဝန်ရှိသူများနှင့် ထိုင်းသံအမတ်တို့ ဆွေးနွေးခဲ့ကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump နှင့် အဖွဲ့ဝင်များသည် ဇန်နဝါရီလ (၁၇) ရက်တွင် ကုန်သည်စက်မှု အသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းနှင့် တာဝန်ရှိသူများထံသို့ အသင်းချုပ်ရုံး၌ လာရောက်တွေ့ဆုံစဉ်ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံစဉ် ထိုင်း-မြန်မာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ ကုန်သွယ်မှုကဏ္ဍ တိုးမြှင့်ရေး၊ နယ်စပ်ကုန်သွယ်မှုအားကောင်းစေရေး၊စီးပွားရေးတိုးချဲ့ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဖွံ့ဖြိုးတိုးတက်စေရေး၊စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများ၊ နို့နှင့်နို့ထွက်ပစ္စည်းများအပါအဝင်ပို့ကုန်၊  သွင်းကုန်ကဏ္ဍအတွက် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ အဆင်ပြေချောမွေ့စေရေး၊ ခရီးသွားကဏ္ဍမြှင့်တင်ရေးနှင့် အခြေခံအဆောက်အအုံများမြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယခုနှစ် ဧပြီလမှ ဒီဇင်ဘာလအထိ မြန်မာ – ထိုင်း နှစ်နိုင်ငံနယ်စပ်မှတစ်ဆင့် အပြန်အလှန်ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၅၆ ဘီလီယံကျော်ရရှိခဲ့ကြောင်း စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

မြန်မာနိုင်ငံမှ တင်ပို့သည့် ကုန်စည်များထဲတွင် CMP ၊ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ကုန်ပစ္စည်းများသည် အ ဓိက ပို့ကုန်အမယ်များဖြစ်ပြီး ထိုင်းနိုင်ငံဘက်ခြမ်းမှ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ၊ စက်နှင့် စက်အပိုပစ္စည်းများ၊ ဆေးဝါး၊ စက်ရုံသုံး ကုန်ကြမ်းပစ္စည်းများ၊ ဓာတ်မြေသြဇာ၊ စားသောက်ကုန်ပစ္စည်း၊ အလှကုန်များနှင့် လျှပ် စစ်ပစ္စည်းများ အစရှိသည့် ကုန်စည်များ ပြန်လည်တင်သွ င်းလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here