မန္တလေးမှ ပြင်ဦးလွင်သို့ ကားအငှားလိုက်သွားသည့်သူထံမှ ကားကိုလုယူကာ လူကိုပါသ-တ်ဖြတ်သွားသည့် ဖြစ်စဉ်ဖြစ်ပွား

0
174

မန္တလေးမြို့မှ ပြင်ဦးလွင်သို့ ကားအငှားလိုက်သည့် အမျိုးသားတစ်ဦးအား သ-တ်ဖြတ်ကာ ကားလုယူသွားသည့် ဖြစ်စဉ် ယမန်နေ့ ဇန်နဝါရီ (၁၈) ရက် နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မန္တလေးမြို့မှ ပြင်ဦးလွင်သို့ ကားငှားမည်ဟုဆိုကာ ဇန်နဝါရီ (၁၈)ရက် နေ့လယ် (၁)နာရီခန့်က ပြင်ဦးလွင်လမ်း (၇) မိုင်ဘက်သို့ ခေါ်ဆောင်သွားရာမှ သ-တ်ဖြတ်ခံရခြင်းဖြစ်ပြီး  ညနေ (၄)နာရီခန့်တွင် ကားမှာ တိုးဂိတ်ကို ပြန်ဝင်လာသော်လည်း ယာဉ်မောင်း ပြန်ပါမလာဘဲ ကားငှားသူဟု ယူဆရသူ (၄)ဦးသာ ပြန်ပါလာကြောင်း CCTV မှတ်တမ်းအရ တွေ့ရကြောင်း ‌ေ-သဆုံးသူနှင့် နီးစပ်သူတစ်ဦးက လူမှုကွန်ရက်မှတဆင့် မျှဝေထားသည်။

သေဆုံးသူ၏ အလောင်းကို မန္တလေး – ပြင်ဦးလွင်လမ်း (၁၇) မိုင် မြောင်းထဲမှ ပြန်လည်တွေ့ရှိခဲ့ပြီး ကားမှာ လက်ရှိအချိန်ထိ ပျောက်ဆုံးနေကြောင်းလည်း သိရသည်။

“ကားအငှားရလို့လိုက်သွားတာ အုန်းချော toll gate ကို နေ့လယ် (၁) နာရီ ဝန်းကျင်လောက်မှာ ဖြတ်ပါတယ်။ သူကိုယ်တိုင် မောင်းသွားတာပါ။ ညနေ (၅) နာရီဝန်းကျင်မှာ ကားက ပြန်ဖြတ်လာပါတယ်။ မောင်းတဲ့သူက အခြားသူဖြစ်သွားပါတယ်။ သူပြန်ပါမလာတော့ပါဘူး။ ကားတော့ မတွေ့သေးဘူး။ လူတော့ Dead body တွေ့ပါပြီ။ (၁၇) မိုင်မြောင်းထဲကပြန်ရတာပါ။”ဟု ‌ေ-သဆုံးသူ ကာယကံရှင်နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

အဆိုပါ ‌ေ-သဆုံးသူမှာ ကိုဆန်းမျိုးမြင့်ဆိုသူဖြစ်ပြီး လုယက်ခံရသည့် ကားမှာ Suzukiciaz အမျိုးစား၊ နံပါတ်မှာ 9P/4526 ဖြစ်ကာ ကားကို တွေ့ရှိသူများမှ ဖုန်းနံပါတ် 09-450992014 နှင့် 09-2037008 တို့သို့အကြောင်း ကြားပေးရန် မေတ္တာရပ်ခံထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here