ကျောင်းပျော်ပွဲစားထွက်လာရာမှ လှေမှောက်သဖြင့် ကလေးကိုးဦးသေဆုံးခဲ့

0
104

အမီဒါဘတ်ဒ်၊ဇန်နဝါရီ ၁၈

အိန္ဒိယနိုင်ငံအနောက်ပိုင်း၌ လှေမှောက်သဖြင့် ကလေးကိုးဦးအပါအဝင် လူ ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်းသိရှိရပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆက်လက်လုပ်ဆောင်နေကြောင်းလည်းသိရသည်။

ယခုမတော်တဆမှုသည် ကျောင်းက စီစဉ်သည့် ပျော်ပွဲစားခရီးထွက်လာစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အိန္ဒိယနိုင်ငံဂူဂျာရတ်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့ခြင်းလည်းဖြစ်သည်။

မတော်တဆမှုဖြစ်ဖြစ်ချင်း အနီးပတ်ဝန်းကျင်ရှိသူများ ချက်ချင်းစုဝေးကာ ရေနစ်သူများအား ကူညီကယ်ဆယ်ပေးခဲ့ကြသော်လည်း ယခုကဲ့သို့သေဆုံးခဲ့ကြရခြင်းဖြစ်ကြောင်းအာဏာပိုင်များကပြောကြားခဲ့သည်။

သေဆုံးသူများထဲတွင် အသက် ၁၀ နှစ်အရွယ်ကလေးငယ်များလည်းပါဝင်ကာ ဆရာမတစ်ဦးပါဝင်သည်ဟုလည်းသိရသည်။ မတော်တဆမှုဖြစ်ရခြင်းအကြောင်းအရင်းကို ရှင်းရှင်းလင်းလင်းမသိရသေးသော်လည်း အဆိုပါလှေပေါ်၌ အနည်းဆုံး လူ ၂၇ ဦးခန့်ပါနိုင်သည်ဟုအာဏာပိုင်များကဆိုသည်။

“အခုဖြစ်ရပ်အတွက် မိသားစုတွေနဲ့ထပ်တူစိတ်မကောင်းဖြစ်ရပါတယ်၊ထိခိုက်ဒဏ်ရာရသူတွေလည်းအမြန်ဆုံးပြန်ကျန်းမာလာပါစေ၊ဒေသဆိုင်ရာအာဏာပိုင်တွေက လိုအပ်တာတွေစီမံဆောင်ရွက်ပေးနေပါတယ်” ဟုလည်း ဝန်ကြီးချုပ်မိုဒီက လူမှုကွန်ရက် X တွင်ရေးသားခဲ့သည်။

အိန္ဒိယ၌ ယခုကဲ့သို့ လှေတိမ်းမှောက်မှုများသည်အဖြစ်များလေ့ရှိပြီး ပြီးခဲ့သည့်နှစ်ကလည်း နှစ်ထပ်လှေတစ်စီး တိမ်းမှောက်မှုကြောင့် လူပေါင်း ၂၂ ဦးသေဆုံးခဲ့ကာ ယင်းမတော်တဆမှု၌ ခရီးသည်များသည် အသက်ကယ်အင်္ကျီလည်းမဝတ်ဆင်ထားကြောင်း အသက်ရှင်ကျန်သူများ၏ပြောကြားမှုအရသိရသည်။

Source : အေအက်ဖ်ပီ/အာရ်စီ


LEAVE A REPLY

Please enter your comment!
Please enter your name here